တစ်သောင်းတန်အတုဖြင့် လှည့်စားခံရတဲ့ ပြည်သူကို ဥပဒေ လစ်လျူရှု

တစ်​​သောင်းတန်​အတု ဒါသိမ်းမယ်​ဆိုရင်​ ကျ​နော့်​ကို အစားပြန်​​ပေးပါ

မရဘူး အကို
သိမ်းပဲ သိမ်းခိုင်းတာ
မသိမ်းပဲ ပြန်​​ပေးလိုက်​ရင်​လည်း ​နောက်​တစ်​ခါသုံးရင်​ ​ရောသုံးမှာ​လေ

ဒါဆို တစ်​ရွက်​ ၅၀၀၀ ​တော့ ပြန်​​ပေးပါ
မရဘူး အကို
မထားခဲ့ရင်​ ရဲစခန်းဆီဖုန်းဆက်​လိုက်​မယ်

ကျ​နော်​တို့က နှမ်း​ရောင်းပြီး
က​လေးဆီ ​ငွေလာလွှဲတာ ကိုယ်​လည်းမလုပ်​ဘူး

ကျ​နော်​ ​ငွေလွှဲလာထုတ်​ရင်း
ဘဏ်​က ​ဝန်​ထမ်းကောင်​မ​လေးနဲ့
အသက်​​လေးဆယ်​ဝန်းကျင်​​လောက်​ရှိမယ့်
လင်​မယားလို့ ထင်​ရတဲ့သူ​တွေ ​ပြောဆို​နေတာကို
ကြား​နေရတာပါ ။
သူတို့ခများလည်း မသုံးလျက်​ မစားလျက်
နှမ်း​ရောင်းရတဲ့ ​ငွေ​လေးကို
နယ်​က သားသ္မီးဆီ လာလွှဲတယ်​ ထင်​ပါတယ်​ ။
ဒါကို အတုဆိုပြီး ဘဏ်​ဝန်​ထမ်းက သိမ်း​တော့
နှ​မျော​နေရှာတာ ။
အစားမရလို့ ပြန်​ယူသွားမယ်​ဆို​တော့လည်း
ရဲစခန်းဖုန်းဆက်​မယ်​ဆို​တော့
မျက်​နှာ​တွေ မ​ကောင်းရှာဘူး ။

ကျ​နော်​လည်း ကြည့်​​နေရင်းက
မ​နေနိုင်​​တော့တာနဲ့

ဘယ်​ဟာက အတုလဲဆိုပြီး ကိုင်​ကြည့်​မိတယ်
ဒါက အစစ်​အကို
ဒါက အတု
သေချာကြည့်​ကြည့်​ပါ ဦး
ဘဏ်​ဝန်​ထမ်း​​တွေက ပြောပြ​နေတာပါ ။

ကျ​နော်​ကြည့်​​တော့လည်း
ဘာမှ သိပ်​ထူးခြားတာ မရှိလှပါဘူး
မ​သေချာမှာစိုးလို ​ငွေမထုတ်​​သေးပဲ
အတုအစစ်​ နှစ်​ရွက်​လုံးကို ​သေချာကိုကြည့်​တာ။

နောက်​ဆုံး မ​နေနိုင်​​တော့
ညီမတို့က အတုအစစ်​ဘယ်​လို စစ်​တာလဲ

ဒီလို​ကော ကိုယ့်​ဆုံးဖြတ်​ချက်​နဲ့ကိုယ်
သိမ်းခွင့်​ ရှိလား ​မေးလိုက်​တယ်

ဥပ​​ဒေရှိပါတယ်​ ဦး
ရော ... ခက်​ပြီ

အေး အဲဒါဆို
မ​နေ့တ​နေ့ကမှ အလုပ်​ဝင်​လာတဲ့
ဘဏ်​ဝန်းထမ်းက ဒါမျိုး​တွေလုပ်​​နေရင်​​ကော
ဘယ်​လို ယုံကြည်​ရမလဲ ။

ဘဏ်​ဝန်​ထမ်း​တွေက
ပိုက်​ဆံအတုအစစ်​ ခွဲတဲ့ပညာ​ကော
အကုန်​သင်​ခဲ့ ရတာလား ။

မှားယွင်းတဲ့ ဆုံးဖြတ်​ချက်​ဆိုရင်
ပိုင်​ဆိုင်​သူဘက်​က နစ်​နာလွန်းမ​နေဘူးလား ။

ရဲစခန်းတိုင်​မယ်​ဆိုလည်း တိုင်​​ပေါ့
ဘာ​ကြောက်​စရာရှိလဲ

အတုလုပ်​တဲ့သူ​တွေ ရှိရင်
ပိုက်​ဆံကိုင်​​နေသူ​တွေလက်​မှာ အတုလည်း
ပါလာနိုင်​တာပဲ​လေ

ဒါကို ဘယ်​ကရသလဲတဲ့လား
ရှင်းရှင်း​လေးပဲ အ​ရောင်းအဝယ်​လုပ်​ရင်းက
ရတယ်

ဒီလိုအတုကို လက်​ဝယ်​ထားရှိရင်
အဖမ်းအစီးခံရမယ်​တဲ့လား ညီမ
ရဲသာ ​ခေါ်လိုက်​ပါ
ရဲက​ကော အတုအစစ်​ခွဲတဲ့ပညာတတ်​လား
ညီမတို့​တွေပါးစပ်​က အတုဆိုတာနဲ့ပဲ
သူတို့ပိုက်​ဆံက တု​ရောလား ညီမ
အတုအစစ်​သူတို့လည်း ဘယ်​သိနိုင်​မလဲ
ညီမတို့တောင်​ မနည်းဖြဲကြည့်​​နေရတာမလား ။

ဒါဆို
ညီမတို့ မြန်​မာ့စီးပွား​ရေးဘဏ်​က​ကော
ပုဂ္ဂလိက ဘဏ်​​တွေက​ကော
ငွေ​ကြေး အတုအစစ်​နဲ့ပတ်​သက်​ပြီး
လူထုကို အသိပညာ​ပေး ဘာ​တွေဖြန့်​​ဝေဘူးလဲ
လို့ ​မေးမယ်​ ညီမ ။

အတုအစစ်​ ပြဿနာက
နိုင်​​ငံ​တော်​အစိုးရက စီစစ်​ရမှာပါ
ထုတ်​လုပ်​သူ​တွေကိုသာ အ​ရေးယူရမှာပါ
ရိုးရိုးသားသား
ရောင်းဝယ်​​ဖောက်​ကား​နေသူ​တွေရဲ့
လက်​ထဲမှာ အတု​ကောအစစ်​​ကော ရှိ​နေနိုင်​တယ်

အတုဆိုတာနဲ့
လူကို ဖမ်းလို့ မရပါဘူး
အတုဆိုတာကို သက်​ဆိုင်​ရာ​တွေနဲ့
သက်​​သေခိုင်​လုံ​အောင်​ ပြပြီးမှ
ကာယကံရှင်​ဆီက ပိုက်​ဆံကို သိမ်းရတာပါ ။

ကျ​နော်​တစ်​​ယောက်​တည်း
တောက်​​လျှောက်​​ပြော​နေ​တော့
ဘဏ်​ဝန်​ထမ်း​တွေက တဖြည်းဖြည်းစုလာလို့
ကျ​နော်​ သူတို့ကိုကြည့်​ရင်းက
ဆက်​​ပြော​နေမိတာပါ ။

ဒါ​ပေမယ့်
ပိုက်​ဆံ ၁၀၀၀၀တန်​ ​လေးငါးရွက်​တော့
ကာယကံရှင်​​တွေဆီက​နေ ဘဏ်​ဝန်​ထမ်းက
သိမ်းသွားပါပြီ ။

ကာယကံရှင်​ နှစ်​​ယောက်​ကလည်း
ပြန်​ဖို့ လုပ်​​နေပြီဆို​တော့
ကျ​နော်​လည်း ​ငွေလွှဲထုတ်​ပြီး ပြန်​လာခဲ့တယ်​။

မဆိုင်​ဘူးဗျ
လက်​ဝယ်​ရှိတာနဲ့ ဘယ်​ဖမ်းလို့ရမလဲ
အတုမှန်းမသိလို့ လက်​ခံခဲ့တာ​လေဗျာ
အတု ဘယ်​သူ ယူချင်​မှာလဲ
အတုဆိုတာ သက်​​သေခိုင်​လုံ​အောင်​ရှင်းပြ
သေချာပြီဆို သိမ်း​ပေါ့ ။

ပိုက်​ဆံအတုလည်း မသိလို့လက်​ခံရ​သေးတယ်
အဖမ်းပါ ခံရမယ်​ဆိုရင်
ဒါ မတရားတာပဲ။

အတုထုတ်​တဲ့​နေရာ​တွေ ရှာပါ
အ​ရေးယူပါ
လူထုကို ပညာ​ပေးပါ
ဒီလို ဘဏ်​ဝန်​ထမ်း​တွေအ​နေနဲ့
အတုလို့ ​ပြောပြီး သိမ်းပိုင်​ခွင့်​ရှိတယ်​ဆိုရင်​လည်း
ကျွမ်းကျင်​သူ​တွေကို ​နေရာ​ပေးပါ ။

ဥပ​ဒေဆိုတိုင်း တရားတယ်​ထင်​​နေရင်
ကျ​နော်​တို့​တွေ ညံ့လို့ပဲ​လေ
အရင်းအမြစ်​ကို အ​ရေးမယူပဲ​နေသ၍
အတုအစစ်​တွေ ရှိ​နေဦးမယ်​ဆိုတာကို​တွေးရင်း ...
ကျ​နော်​ ပြန်​ခဲ့လိုက်​တယ်​ ။

နေမင်းနွယ်

0 မှတ်ချက်များ for "တစ်သောင်းတန်အတုဖြင့် လှည့်စားခံရတဲ့ ပြည်သူကို ဥပဒေ လစ်လျူရှု"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++