၁ဝ-၄-၂ဝ၁၄ မှ ၁၆-၄ ၂၀၁၄ ရက်နေ့အထိ (၇)ရက် သားသမီးများအတွက် ဟောစာတမ်း

တနင်္ဂနွေ
တစ်ပါးသူနှင့် ယှဉ်၍ လုပ်ကိုင်သောကိစ္စများမှ အဆင်မြင့် တိုးတက်မှုများ ရမည်။ လူမျိုး ကွဲ၊ လူမျိုးခြားများနှင့် တိုက်ရိုက်ဆက်စပ်၍ အလုပ်စီးပွား လုပ်ကိုင်ခြင်းများ အကျိုးပေးမည်။ ခါးပိုက်နှိုက်ခံရတတ်သည်။ လုပ်ကိုင်ထာေးသာ လုပ်ငန်းများ နောက် ဆုံးအဆင့်ရောက်ကာမှ စကားမတည်သူများကြောင့် အဆုံးသတ် ရန် ခက်ခဲလိမ့်မည်။ အရေးကြီးသော စာရွက်စာတမ်း များ ပျောက်တတ်သည်။ 
>>> ယတြာ ။ ။ မွေးနေ့တွင် တစ်ပတ်တာအတွင်း ခရမ်းရောင် မကြာခဏ ဝတ်ဆင်ပေးပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~

တနင်္လာ
လုပ်သမျှ ထွန်းထွန်းပေါက်ပေါက်နှင့် အောင်မြင်မည်။ အမျိုးသမီးမိတ်ဆွေတစ်ဦးထံမှ ထူးခြားသော အထောက်အကူရမည်။ ကြယ်ပွင့်ပုံပါသော ပစ္စည်းတစ်ခု လက်ဆောင်ရလိမ့် မည်။ ထိုသို့ကြုံပြီး ရက်ပိုင်းအတွင်း ထူးခြားသော အောင်မြင်မှု ရမည်။ အရပ်ဝေးနှင့် ဆက် သွယ်ဆောင်ရွက်မှုများမှ အကျိုးဆက်ကောင်းရမည်။ ပျိုရွယ်သူများအဖို့ မေတ္တာရေးစန်းပွင့် မည်။ လုပ်ငန်းတိုးတက်မည်။
>>> ယတြာ ။ ။ မွေးနေ့တွင် ပိုက်ဆံအိတ်ပေါ် ကြွက်ထိုင်သောပုံ ဝယ်၍ ဆောင်ထားပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~

အင်္ဂါ
မိမိအတွက် တစ်ပါးသူ မျက်ရည်ကျကိန်းကြုံမည်။ ရန်အတိုက်အခံများနှင့် ထိပ်တိုက် တွေ့ရမည်။ ကြိုတင်စီစဉ်ထားသည်ကတစ်မျိုး၊ လက်တွေ့ဖြစ်လာသည်ကတစ်မျိုး ကြုံမည်။ ဦးတည်လိုက်သောနေရာ တိုင်း အနှောင့်အယှက်ရှိမည်။ ကတိပျက်သူများနှင့် ကြုံမည်။ ယာဉ် ကားမောင်းနှင်မှု သတိရှိပါ။ နာမည်သိက္ခာကျအောင် လိုက်လံနှောင့်ယှက်သူများနှင့် ကြုံ မည်။
>>> ယတြာ ။ ။ မွေးနေ့တွင် ဇာမဏီငှက်အုပ်ပုံကို မိသားစု စီးပွားရှာသောနေရာတွင် ထားပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~
 
ဗုဒ္ဓဟူး
ဆုံးဖြတ်ချက်များ မှန်ကန်မည်။ အရပ်ဝေးနှင့် ဆက်သွယ်ဆောင်ရွက်မှုများမှ ထူးခြားသော အကျိုးဆက်ကောင်း ရရှိမည်။ အလုပ်အကြံသစ်များ လက်တွေ့ဆောင်ရွက်နိုင်သည်။ ခရီးသွား ရန် အကျိုးရှိမည်။ အလိုအလျောက် ဦးဆောင်ရသော အနေအထား ရောက်ရှိမည်။
>>> ယတြာ ။ ။ မွေးနေ့တွင် ခေါင်းလောင်းငယ်သုံးခုကို တံခါး၏အပြင်ဘက်တွင် ချိတ်ထားပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~
 
ရာဟု
အခွင့်အလမ်းနှစ်မျိုး တစ်ပြိုင်နက်တည်းပေါ်မည်။ လုပ်ရိုးလုပ်စဉ် လမ်းကြောင်းဟောင်း မှ ခွဲထွက်၍ တိုးတက်မှု ရရှိမည်။ လက်လွန်ထားသော ငွေကြေးများ လက်ဝယ်ပြန်လည် ရရှိ မည်။ တစ်ပိုင်းတစ်စ ဆိုင်းငံ့ထာ၊သော အလုပ်ကိစ္စများ ပြန်လည် ဆောင်ရွက်နိုင်လိမ့်မည်။ နေရာအပြောင်းအရွှေ့ကိစ္စများ၊ ခရီးကိစ္စများအတွက် ဆောင်ရွက်ရန် အထူးကောင်းသော ကာလ ဖြစ်မည်။
ယတြာ ။ ။ မွေးနေ့ညနေပိုင်းတွင်ြေ<ွကပန်းအိုးအတွင်း ဝါးညွန့်သုံးညွန့် ထိုးထားပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~
 
ကြာသပတွေး
ဖြစ်ပေါ်လာသော အခြေအနေ၊ အခွင့်အရေးသစ်တို့ကို လက်တွေ့အသုံးချ၍ အခြေအနေ သစ်များ ဖန်တီးနိုင်မည်။ အရပ်ဝေးနှင့် တိုက်ရိုက်ဆက်စပ်၍ လုပ်ကိုင်ခြင်းများမှ ကောင်းသော အကျိုးဆက် ဖြစ်ထွန်းမည်။ မိတ်ဆွေအကြီးအကဲများထံမှ ကောင်းသောအထောက်အကူ ကောင်း ရမည်။ အတတ်ပညာကို အခြေတည်၍ အလုပ်စီးပွား ဆောင်ရွက်၍ အောင်မြင်မည်။ လုပ်ငန်းနှစ်မျိုး တစ်ပြိုင်နက်တည်း တာဝန်ယူရမည်။ မိသားစုတွင် အလုပ်စီးပွား တိုးတက်မှုများ ဖြစ်ပေါ်မည်။
>>> ယတြာ ။ ။ မွေးနေ့တွင် စားပွဲတင်ရေပန့်ငယ်တစ်ခု ထမင်းစားခန်းတွင် ထားရှိပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~
 
သောကြာ
ရှေ့တိုး၍လည်း မရ။ နောက်ဆုတ်၍လည်း မဖြစ်။ ရှိရင်းစွဲအနေအထားမှ ပြောင်းလဲရန် အတွက် ဦးတည် သင့်သောကာလ ဖြစ်သည်။ လမ်းတွင် စိတ်မနှံ့သူတွေ့က အထူးကောင်းသော နိမိတ်ဖြစ်သည်။
ငွေရေး ကြေးရေးကိစ္စ၊ လူမှုရေးကိစ္စတို့တွင် အပြောင်းအလဲများ ဆက်တိုက် ဖြစ်ပေါ်မည်။ အများကိစ္စ၊ အဖွဲ့အစည်းကိစ္စများ ပါဝင်ပတ်သက်ရမည်။ တာဝန်ယူပြီး လုပ်ကိုင် ဆောင်ရွက်မှုများမှ မြင့်မားသော အကျိုးဆက်များ ပေါ်ထွန်းလာမည်။
>>> ယတြာ ။ ။ မွေးနေ့တွင် အရှေ့မြောက်အရပ်တွင် အင်ကြင်းကျောက်ကို ရွှေရောင်သုတ်ပြီး ထားပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~

စနေ
အခက်အခဲအားလုံးကို ကျော်လွှားနိုင်မည်။ ငွေကြေးအစုလိုက် ဝင်မည်။ တစ်ပါးသူနှင့် ယှဉ်ပြိုင်လိုက်တိုင်း အသာစီးမှရခြင်း၊ နာမည်ကျော်ကြားခြင်းတို့ ရရှိမည်။ ကတိမတည်သူများ နှင့် တွေ့ရတတ်သည်။ အလုပ်ကိစ္စ၊ ငွေရေးကြေးရေးကိစ္စများ ပြောဆိုရန် အခါကောင်းသင့် သည်။ ခရီးသွား၍ အကျိုးရှိမည်။ ရပ်တန့်ထားသော အလုပ်ကိစ္စများ ပြန်လည်စတင်နိုင်မည်။
>>> ယတြာ ။ ။ မွေးနေ့တွင် ဝက်ရုပ်စုဘူးတစ်ခု ဝယ်ယူပြီး အနောက် တောင်အရပ်တွင် ထားပါ။

___ စံဇာဏီဘို

0 မှတ်ချက်များ for "၁ဝ-၄-၂ဝ၁၄ မှ ၁၆-၄ ၂၀၁၄ ရက်နေ့အထိ (၇)ရက် သားသမီးများအတွက် ဟောစာတမ်း"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++