ထိုင်းနိုင်ငံ အနိမ့်ဆုံးလုပ်အားခ ၃၆၀ ဘတ် တိုးမြှင့်ပေးရန် တောင်းဆို

တစ်နိုင်ငံလုံး ၃၆၀ တန်းတူပေးရန် တောင်းဆိုခဲ့သည့် ချီတက်ပွဲ။
ထိုင်းနိုင်ငံတွင် အနိမ့်ဆုံးလုပ်အားခတိုးမြှင့်ရာတွင် မည်မျှတိုးမြှင့်မည်ကို လာမည့် ၁၇ရက်နေ့ အစည်းအဝေးတွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။

မူလက ဇန်နဝါရီ ၁၀ရက်နေ့တွင် ဆုံးဖြတ်မည်ဖြစ်သော်လည်း အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ကော်မတီအကြား သဘောတူညီချက်မရသောကြောင့် ဇန်နဝါရီ ၁၇ရက်တွင် ထပ်မံအစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်ကြမည်ဖြစ်သည်။

အလုပ်ရှင်များဘက်က လုပ်အားခကို ခရိုင်အလိုက်ခွဲခြားပြီး ၂ဘတ်မှ ၁၅ဘတ်အကြားတွင်သာ တိုးပေးချင်သလို၊ အလုပ်သမားဘက်ကလည်း တစ်နိုင်ငံလုံးအနှံ့ တပြေးညီ ၃၆၀ ဘတ် တိုးမြှင့်ပေးရန် တောင်းဆိုထားသည်။

မိမိတို့ MWRN အနေဖြင့်လည်း မဟာမိတ်ဖြစ်သော ထိုင်းအလုပ်သမားသမဂ္ဂများနှင့်အတူ တစ်နိုင်ငံလုံး တပြေးညီ ၃၆၀ဘတ် တိုးမြှင့်ပေးရန် တောင်းဆိုထားပါသည်။ 

မည်သို့ပင်ဖြစ်စေ လာမည့် ဇန်နဝါရီ ၁၇ရက်နေ့တွင် မည်မျှတိုးမည်ကို သိရှိရမည်ဖြစ်သည်။

ထူးခြားချက်အနေဖြင့် ဇန်နဝါရီ၁၇ရက်နေ့တွင် ထွက်ပေါ်လာမည့် လုပ်အားခတိုးမြှင့်မှုကို နောက်ကြောင်းပြန်အဖြစ် ဇန်နဝါရီ ၁ရက်နေ့မှ စတင်ခံစားရမည်ဖြစ်သည်။

0 မှတ်ချက်များ for "ထိုင်းနိုင်ငံ အနိမ့်ဆုံးလုပ်အားခ ၃၆၀ ဘတ် တိုးမြှင့်ပေးရန် တောင်းဆို"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++