"ရိုဟင်ဂျာ" အသိအမှတ်ပြုသည့် ဘင်္ဂလီ-မြန်မာ လျှို့ဝှက်စာချုပ်

မြန်မာက ဘင်္ဂလီ (သူတို့အခေါ် ရိုဟင်ဂျာ)ကို ဗိုလ်ချုပ်နေဝင်းနဲ့ ဗိုလ်ချုပ်သန်းရွှေ စစ်အစိုးရများက တရားဝင်နေထိုင်သူအဖြစ် အသိအမှတ်ပြုလိုက်တဲ့ လျှို့ဝှက်စာချုပ်တွေကို ဘင်္ဂလားဒေ့ရှ် ဒါကာထရီဗျူး Dhaka Tribune နဲ့ ကမ္ဘာကျော် အမေရိကန် ဖို့ဘ် Forbes မဂ္ဂဇင်းက ဖွင့်ချလိုက်ပါတယ်။ 

၁၉၇၈ ခုနှစ်မှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ လျှို့ဝှက် လက်မှတ်ရေးထိုး ခဲ့တဲ့စာချုပ်မှာ ဘင်္ဂလီ (သူတို့ အခေါ် ရိုဟင်ဂျာ) တွေဟာ မြန်မာနိုင်ငံအတွင်းမှာ "တရားဝင်နေထိုင်သူတွေ" အဖြစ် မြန်မာ အစိုးရက ၀န်ခံထားပါတယ်။

 ‘မူလနိုင်ငံသို့ ပြန်ပို့ရေး သဘောတူညီချက်’ ဆိုတဲ့ အဲဒီစာချုပ်ရဲ့ အပိုဒ် ၁(က) မှာ “ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေပြီး အမျိုးသားမှတ်ပုံတင်ကတ်ပြားရှိတဲ့ မြန်မာနိုင်ငံမှာ တရားဝင်နေထိုင် သူတွေကို သူတို့ရဲ့ ခင်ပွန်း၊ ဇနီး၊ မိဘ၊ ယောက္ခထီးယောက္ခမ၊ သားသမီးအရင်း၊ မွေးစားသားသမီး၊ မြေး၊ သားမက်၊ ချွေးမနဲ့ မုဆိုးမဖြစ်နေတဲ့ အစ်မ၊ ညီမတွေနဲ့အတူ ပထမဆုံးအသုတ်အနေနဲ့ ပြန်လည်လက်ခံဖို့ ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံက သဘောတူပါတယ်” လို့ ဖော်ပြထားပါတယ်။

မြန်မာ မဆလ စစ်အစိုးရ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးတင်အုန်း က ၉ ဂျူလိုင် ၁၉၇၈ မှာ လက်မှတ် ထိုးပြီး ၎င်းစာချုပ် ဆိုလိုချက်မှာ ယနေ့ ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီများသည် တရားဝင်နေထိုင်သူ နိုင်ငံသားများ ဖြစ်၍ ပြန်လည်ခေါ်ယူထားသည့် အချက်ဖြစ်သည်။ ထိုစဉ်က ဦးရေ ၂ သိန်းခန့် ရှိသည်။

၁၉၉၁ ခုနှစ်ကနေ ၁၉၉၂ ခုနှစ်အတွင်း ဘင်္ဂလီ (သူတို့ အခေါ် ရိုဟင်ဂျာ) ၂ သိန်းခွဲလောက်ဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ပြီးနောက် နောက်ထပ်စာချုပ် ၁၉၉၂ ခုနှစ် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့ “Joint statement by the foreign ministers of Bangladesh & Myanmar issued at the conclusion of the official visit of the Myanmar Foreign Minister to Bangladesh 23-28 April 1992″ ဆိုတဲ့ ခေါင်းစဉ်နဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်ခဲ့ကြောင်း၊ စာချုပ်မှာ မြန်မာက ဘင်္ဂလီ (သူတို့ အခေါ် ရိုဟင်ဂျာ) ကို နိုင်ငံသားအဖြစ် ထပ်မံ အသိအမှတ်ပြုကြောင်း ဖော်ပြထားပါတယ်။

၂၈ ဧပြီ ၁၉၉၂ တွင် မြန်မာ နအဖ စစ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဦးအုန်းဂျော်က လက်မှတ်ထိုးပါသည်။ အသေးစိတ် ဖတ်ရှုလိုပါက အောက်ဖော်ပြပါ ဒါကာထရီဗျူး Dhaka Tribune နဲ့ ဖို့ဘ် Forbes မဂ္ဂဇင်း ဝဘ်ဆိုဒ်မှာ ဖတ်ရှူကြပါ #Secret document shows Myanmar recognised Rohingyas as citizens (SEP 04, 2017) http://www.dhakatribune.com/…/secret-document-myanmar-rohi…/ #Secret 1978 Document Indicates Burma Recognized Rohingya Legal Residence (DEC 29, 2016) https://www.forbes.com/…/secret-1978-document-indicates-b…/…

စာချုပ် PDF ဖိုင်များကို Forbes မဂ္ဂဇင်း ဝဘ်ဆိုဒ်မှာ ဒေါင်းလုပ် ရယူနိုင်ပါတယ်။ "1978 Repatriation Agreement” link ကို နှိပ်ပြီး ဒေါင်းလုပ်လုပ်ပါ။ "1992 agreement" link ကို နှိပ်ပြီး ဒေါင်းလုပ်လုပ်ပါ။ https://www.forbes.com/…/secret-1978-document-indicates-b…/…
ကမ္ဘာသို့ ပြန့်နှံ့နေသော စာချုပ်များကို ရှင်းလင်းခြင်း၊ လူထုသဘောထား ထုတ်ဖော်ခြင်းကို မလိုလား၍ အတု ဆိုပြီး လျှစ်လျှူပြုရန် ၊ ဖုံးကွယ်ရန် အားထုတ်ကြသူများသည် ဘင်္ဂလီအားပေးများ ဖြစ်ပါလိမ့်မည်။ သို့မဟုတ် စစ်အာဏာရှင်တို့၏ အပြစ်ကို ဖုံးကွယ်လိုသော အဘ ဘောမများ ဖြစ်လိမ့်မည်။

အီးပေါက်သံမျှပင် မကျယ်သော အသံဖြင့် အတုပါကွာဟု comment ပေးရုံမျှဖြင့် ထိုစာချုပ်များ ပြသနာသည် ရှင်းလင်းမသွားနိုင်ပါ။

 နိုင်ငံတကာ အမြင်ရှင်းအောင် ပြုလုပ်ရန် အရေးကြီးသည်။ ယနေ့ နိုင်ငံတကာ မီဒီယာစစ်ပွဲတွင် မြန်မာတို့ အရေးနိမ့်နေရခြင်း၏ အကြောင်းတရားများတွင် ဤကဲ့သို့သော တဘက်က ထုတ်ပြသော အထောက် အထားများကို ဖြေရှင်းရန် အားနည်းခြင်းသည်လည်း တချက်အပါအဝင် ဖြစ်သည်။


စာချုပ်များသည် အစစ် ဖြစ်ရန် ရာခိုင်နှုန်းများသွားပါပြီ။ ၎င်းစာချုပ်များကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သော အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်၏ ဌာနတခုဖြစ်သော Refugee Studies Centre ဌာန၏ Forced Migration Online တွင်လည်းကောင်း၊ အမေရိကန်နိုင်ငံ ပရင့်စတန်တက္ကသိုလ် စာကြည့် တိုက် Princeton University Library တွင်လည်းကောင်း ဖော်ပြထားပါတယ်။
http://repository.forcedmigration.org/show_metadata.jsp…
Forced Migration Online
Refugee Studies Centre
Oxford Department of International Development (ODID)
University of Oxford
3 Mansfield Road
Oxford OX1 3TB
United Kingdom
Contact
tel: +44(1865) 281720
fax: +44 (0)1865 281801
http://dataspace.princeton.edu/…/handle/88435/dsp01th83kz538
Princeton University Library
One Washington Road
Princeton, NJ 08544-2098 USA
(609) 258-1470

စစ်အာဏာရှင်တို့၏ လုပ်ရပ်များကို ဖုံးကွယ်ရန် အသည်းအသန် ကြိုးစားသူများကို တွေ့ရသည်။ ထိုသတင်းသည် နိုင်ငံတကာတွင့် ပျံ့နှံပြီး ဖြစ်သည်။ မျိုးချစ်စိတ်စစ်မှန်က နိုင်ငံတကာဖိအားကို မည်သို့ဖယ်ရှားရမည်ကို ဆွေးနွေးဖို့သာ ရှိသည်။

သင်တို့၏ အကိုတယောက်က ဘိုးဘွားပိုင် အဖိုးတန်ပစ္စည်းတခုကို အိမ်သားများ အသိမပေးပဲ ပေါင်နှံခဲ့ သည်။ ညီဖြစ်သူက အကို၏ လုပ်ရပ်ကို အိမ်တွင် ပြန်ပြောသည်။ အကိုကို အပြစ်တင်မလား။ ညီကို အပြစ်တင်မလာ။ အကိုလုပ်သမျှ အိမ်သားတွေကို အသိမပေးနဲ့။ တိတ်တိတ်နေပါ။ ထားလိုက်ပါကွာ ဆိုလျှင် ဘိုးဘွားအမွေ ဆုံးမည်ကို သိပါသလား။ အကယ်၍ မြစ်ဆုံစာချုပ်ကို ရရှိလျှင်လည်း လူထုကို ဖွင့်ချရမည်။ ပွင့်လင်းမြင်သာမှုဆိုသည်မှာ စကားလုံး သက်သက် မဟုတ်ပဲ လက်တွေ့ဖြစ်ရမည်။

ဘင်္ဂလားဒေ့ရှ်သည် မြန်မာထက် နိုင်ငံတကာအလယ်တွင် ဥပဒေပိုင်း၊ မီဒီယာပိုင်း၊ လော်ဘီပိုင်းတွင် များစွာအသာစီးရရှိထားသည်။ ဦးသိန်းစိန်လက်ထက်တွင် ရေပိုင်နက် အငြင်းပွားမှု တခု ဖြစ်ခဲ့သည်။ မြန်မာဘက်က မှန်ကန်စွာ ပိုင်နက်မျဉ်းကို တင်ပြသည်။ ဘင်္ဂလားဒေ့ရှ်ဘက်က မြန်မာ့မျဉ်းကို ကျော်လွန်၍ အရေးဆိုသည်။ နိုင်ငံတကာခုံရုံး (ITLOS) က ကြားချ၍ ဆုံးဖြတ်သည်။ သာမန်အားဖြင့် ကြည့်သော် မျှတသည်ဟု မြင်ကြလိမ့်မည်။ အမှန်ကား မြန်မာတို့ ရှုံးခြင်း ဖြစ်သည်။ သင်၏ ဘိုးဘွားမိဘက ပေးခဲ့သော ခြံမြေ အကျယ်အဝန်းကို သင်သိသည်။ တရားဝင် မြေတိုင်း၍ မှတ်ပုံတင်ခဲ့ခြင်း မရှိခဲ့ပေ။ သင်၏ အိမ်နီးခြင်းက ၁၀ ပေ ကျူးကျော်၍ အရေးဆိုသည်။ ထိုအခါ သင့်ကို ၅ ပေ၊ သူ့ကို ၅ ပေ ကြားချ၍ ပေးသည်ဆိုလျှင် မျှတသည်ဟု ဆိုနိုင်သလော။ မိမိက အမှန်တကယ်ပိုင်ပါလျက် တဝက်သာ ရသည်။ သူခိုးတဝက်၊ ပိုင်ရှင်တဝက် ယူစေဟု ဆုံးဖြတ်ချက်သည် မျှတပါ၏လော။ မြန်မာတို့၏ ဥပဒေပိုင်း၊ မီဒီယာပိုင်း၊ လော်ဘီပိုင်း အားနည်းသောကြောင့် ရှုံးခဲ့သည်ဟု ဆိုရမည်။

ဦးသိန်းစိန် အစိုးရလော်ဘီများ နှင့် ဘင်္ဂလားဒေ့ရှ် လော်ဘီများက နှစ်ဖက်မနစ်နာပါဘူးဟု ရေးသားကြသော်လည်း နိုင်ငံတကာသတင်းများမှာ “ဘင်္ဂလားဒေ့ရှ် နိုင်တယ်” လို့ ရေးကြသည်။

0 မှတ်ချက်များ for ""ရိုဟင်ဂျာ" အသိအမှတ်ပြုသည့် ဘင်္ဂလီ-မြန်မာ လျှို့ဝှက်စာချုပ်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++