မြန်မာကို အလ္လာ၏ရန်သူအဖြစ်သတ်မှတ်ပြီး ဂျီဟတ်ဆန်ဆန် ပြန်လည်တိုက်ခိုက်သွားကြရန် ယီမင်အခြေစိုက် အယ်လ်ကေးဒါးအကြီးတန်းခေါင်းဆောင် တိုက်တွန်းနေ

ခိုးဝင်ဘင်္ဂါလီများအတွက် မြန်မာအစိုးရကို အလ္လာ၏ရန်သူတော်များအဖြစ် သတ်မှတ်၍ တိုက်ခိုက်မှုများပြုလုပ်သွားကြရန် ယီမင်အခြေစိုက်အဖွဲ့ ၏ အယ်လ်ကေးဒါ အကြီးတန်းခေါင်းဆောင် Khaled Batarfi က တိုက်တွန်းပြောကြားလိုက်ကြောင်း သတင်းရရှိသည်။

အကြမ်းဖက်တိုက်ခိုက်မှုများဆိုင်ရာ စောင့်ကြည့်ရေဗဟိုဌာန SITE Monitoring Center က ယင်းအချက်အလက်ကို စက်တင်ဘာ ၂ ရက်တွင် မီဒီယာအချို့ ထံ သတင်းဖြန့် ဝေခဲ့ခြင်း ဖြစ်ပြီး စက်တင်ဘာလ ၃ ရက်တွင် The Star Online၊ Reuters စသည့် နိုင်ငံတကာသတင်းဌာနအချို့ က စတင်ဖော်ပြလာခြင်းလည်း ဖြစ်သည်။ အထူးသဖြင့် အယ်လ်ကေးဒါအကြမ်းဖက်အဖွဲ့ ၏ ယီမင်အခြေစိုက် အကြီးတန်းခေါင်းဆောင်က မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော ခိုးဝင်ဘင်္ဂါလီအကြမ်းဖက်သမားများကို မြန်မာအစိုးရက ပြန်လည်ချေမှုန်းနေသည့်အပေါ် မကျေမနပ် ဖြစ်နေခြင်းဖြစ်ပြီး မြန်မာအစိုးရသည် “enemies of Allah” အလ္လာ၏ရန်သူတော်များဖြစ်ကြောင်း အယ်လ်ကေးဒါမီဒီယာဖေါင်ဒေးရှင်းမှတစ်ဆင့် ဗီဒီယိုမက်ဆေ့ဖြင့် ပြောကြား 
လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

” သူတို့ ရဲ့ တိုက်ခိုက်မှုကို ပြန်လည်ဖိအားပေး တိုက်ခိုက်ခြင်းနဲ့ ဂျီဟတ်စနစ် ကျင့်သုံးဖို့ ကိုသာ အားစိုက်ကြသင့်ပါတယ်။ ဒီအတွက် မြန်မာနိုင်ငံထဲက ညီအစ်ကိုတော်တွေကိုလည်း သိစေလိုပါတယ် “ ဟု ယီမင် အယ်လ်ကေးဒါအကြီးတန်းခေါင်းဆောင် Khaled Batarfi က ပြောသည်။ ၄င်းတို့ ဖြန့် ချိအသိပေးခဲ့သော အဓိကနိုင်ငံများမှာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား တို့ ဖြစ်ပြီး အဆိုပါနိုင်ငံများမှ ၄င်းတို ၏ မိတ်ဖက်အဖွဲ့ အစည်းများကို ရည်ညွန်းခြင်းဖြစ်ကာ တန်ပြန်တိုက်ခိုက်မှုအတွက် ၀ိုင်းဝန်ကူညီစေလို
ကြောင်း ဆိုထားသည်။ ၄င်းတို့ ဘက်က တစ်ဖက်သတ်စွပ်စွဲပြောဆိုနေသော အချက်မှာ မြန်မာလုံခြုံရေး
တပ်ဖွဲ့ များက ဘင်္ဂါလီများအပေါ် ဖိအားပေးနှိမ်နှင်းမှုများ လုပ်ဆောင်နေပြီး ယင်းအတွက်ကြောင့် ဘင်္ဂါလီများ ဒုက္ခရောက်နေကြရကြောင်း၊ ဘင်္ဂါလီများကို နိုင်ငံသား ဖြစ်ခွင့်အတွက် မြန်မာအစိုးရဘက်က ငြင်းဆို
နေကြသောကြောင့် တိုက်ယူသည့်နည်းလမ်းကိုသာ ကျင့်သုံးရတော့မည်ဖြစ်ကြောင်း သိရသည်။
Credit by : Iris(akonthi.com)

0 မှတ်ချက်များ for "မြန်မာကို အလ္လာ၏ရန်သူအဖြစ်သတ်မှတ်ပြီး ဂျီဟတ်ဆန်ဆန် ပြန်လည်တိုက်ခိုက်သွားကြရန် ယီမင်အခြေစိုက် အယ်လ်ကေးဒါးအကြီးတန်းခေါင်းဆောင် တိုက်တွန်းနေ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++