မြန်မာ စစ်ရဟတ်ယာဉ်များ ကျူးကျော်မှု ဘင်္ဂလားဒေ့ရှ် ပြင်းထန် ကန့်ကွက်

မြန်မာနိုင်ငံဘက်က စစ်ရဟတ်ယာဉ်တချို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံလေပိုင်နက်ထဲကို အကြိမ်ကြိမ် ဝင်ရောက်လာတဲ့အတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်တယ်လို့ ပြည်ပသတင်းဌာနတွေက ဖေါ်ပြပါတယ်။

သြဂုတ်လ ၂၇ ရက်နဲ့  ၂၈ ရက်တို့က ၂ ကြိမ် ဝင်ရောက်ခဲ့ပြီး မနေ့က တရက်ထဲမှာ ဦးကီးယားနယ်မြေမှာ ၃ ကြိမ် ကျူးကျော်ဝင်ရောက်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဒီဖြစ်ရပ်တွေဟာ အိမ်နီးချင်းကောင်း ပီသတဲ့ လုပ်ရပ်မဟုတ်လို့ နောက်နောင် ဒီလို မဖြစ်စေဖို့ မြန်မာ အစိုးရအနေနဲ့ အမြန်ဆုံး သတိထားဆောင်ရွက် သွားစေလိုတယ်လို့လဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက သတိပေးလိုက်ပ်ါတယ်။

0 မှတ်ချက်များ for "မြန်မာ စစ်ရဟတ်ယာဉ်များ ကျူးကျော်မှု ဘင်္ဂလားဒေ့ရှ် ပြင်းထန် ကန့်ကွက်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++