ငါးရိက္ခာထုတ်လုပ်မှု ကဏ္ဍမြင့်မားစေရန် စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)ရှိ တစ်ဖက်ပိတ်ဆည်အတွင်းသို့ ငါးမျိုးများစိုက်ထည့်
ကရင်ပြည်နယ်အတွင်း ငါးသယံဇာတများ ပျောက်ကွယ်ပြုန်းတီးခြင်း မရှိစေရန်နှင့် ငါးမျိုးထိန်းသိမ်းနိုင်ရန် အတွက် ငါးလုပ်
ငန်းဦးစီးဌာန အနေဖြင့် ငါးရိက္ခာထုတ်လုပ်မှု ကဏ္ဍမြင့်မားစေရန်မြစ်၊ ချောင်းများအတွင်း ငါးမျိုး စိုက်ထည့်ခြင်း၊ စပါးခင်းများအတွင်း ငါးမျိုးစိုက်ထည့်ခြင်းတို့ကို နှစ်စဉ်ဆောင်ရွက်လျက်ရှိရာ သြဂုတ်လ ၁၉ ရက် နေ့ နံနက် ၈ နာရီခွဲအချိန်က စိုက်ပျိုး
ရေးသိပ္ပံ(ဇွဲကပင်)ကျောင်းဝန်းအတွင်းရှိ တစ်ဖက်ပိတ်ဆည်အတွင်း၌ ငါးမျိုးများ စိုက်ထည့်ပေး ခဲ့ကြောင်း သိရသည်။ငါးမျိုးစိုက်ထည့်ရာသို့ ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦး၊
ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးစောအောင်ရဲထွဋ်လွင်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ စိုက်ပျိုး ရေးသိပ္ပံ(ဇွဲကပင်)ကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ/မများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ငါးသား ပေါက် ငါးမြစ်ချင်းကောင်ရေ(၃၀၀၀၀)၊ ငါးခုံးမကြီးကောင်ရေ(၁၀၀၀၀) စုစုပေါင်း ငါးသား ပေါက် ကောင်ရေ (၄၀၀၀၀) အား
ကျောင်းဝန်းအတွင်းရှိ တစ်ဖက်ပိတ်ဆည်အတွင်းသို့ ငါးမျိုးစိတ်များ စိုက်ထည့်ပေး ခဲ့ကြသည်။
ယခုနှစ်တွင် ကရင်ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် ပြည်နယ်အတွင်းရှိ မြစ်၊ ချောင်း၊ မြောင်း၊ အင်း၊ အိုင်နှင့် တောင်သူများ၏ လယ်ကွက်များအတွင်းသို့ ငါးသားပေါက်ကောင်ရေ ခုနှစ်သိန်းခန့်အား ငါးမျိုးများပြန့်ပွားစေရေးအ တွက် အခမဲ့
စိုက်ထည့်ပေးသွားမည်ဖြစ်ပြီး ဇွန်၊ဇူလိုင်နှင့်သြဂုတ်လများအတွင်း ငါးမြစ်ချင်း၊ ငါးခုံးမကြီး၊ တီလားပီးယား၊ ရွှေဝါငါးကြင်း ငါးသားပေါက်ကောင်ရေ ခြောက်သိန်းခွဲခန့်အား ငါးမျိုးစိုက်ထည့်ပြီးခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ထို့ပြင် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနသည် စိုက်ပျိုးရေး သိပ္ပံ(ဇွဲကပင်)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ အား သြဂုတ်လ ၁၇ ရက်နေ့က စပါးခင်း များအတွင်း ငါးပိုမိုထွက်ရှိရေးအတွက် သဘာဝပါတ်ဝန်းကျင်နှင့် သဟာဇာတ ဖြစ်ပြီး စဉ်ဆက်မပြတ် မွေးမြူထုတ်လုပ်မှုပုံစံဖြစ်သော (Rice Field Fishery Development) နည်းပညာများကို ဟောပြောမျှ ဝေခဲ့ကြောင်း သတင်းရရှိသည်။Cေredit by : စာမျိုးမင်းသိန်း(ပြန်/ဆက်)
0 မှတ်ချက်များ for "ငါးရိက္ခာထုတ်လုပ်မှု ကဏ္ဍမြင့်မားစေရန် စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)ရှိ တစ်ဖက်ပိတ်ဆည်အတွင်းသို့ ငါးမျိုးများစိုက်ထည့်"