ချင်းတွင်းမြစ်ရေမြင့်တက်နေရာ မြစ်ကမ်းတစ်လျှောက်ရှိ မြို့ ခြောက်မြို့တွင် စိုးရိမ်ရေမှတ်ထက်ကျော်လွန်နေ

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းဒေသများတွင် သြဂုတ်လဒုတိယပတ်အတွင်း မိုးအဆက်မပြတ်ရွာသွန်း မှုကြောင့် ချင်းတွင်းမြစ်ရေမြင့်တက်နေပြီး မြစ်ကမ်းတစ် လျှောက်ရှိ မြို့ခြောက်မြို့တွင် စိုးရိမ်ရေမှတ်ထက်ကျော်လွန် နေကြောင်း မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းဒေသကြီးမိုး/ဇလရုံးမှ သိရသည်။

ချင်းတွင်းမြစ်ရေမြင့်တက်နေသည့်အတွက် မြစ်ကြောင်း သွားရေယာဉ်အားလုံးကို သြဂုတ် ၁၆ ရက်မှ၂ဝ ရက် အထိ ငါးရက် ယာယီရပ်နားထားရန် တိုင်းဒေသကြီး မြန်မာ့ ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင် ရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

မိုး/ဇလဌာန၏သြဂုတ် ၁၈ ရက် တိုင်းထွားချက်အရ ချင်းတွင်းမြစ်အထက်ပိုင်းခန္တီးမြို့တွင် ၅၅ စင်တီမီတာ၊ ဟုမ္မလင်းမြို့တွင် ၁ဝ၇ 
စင်တီမီတာ၊ ဖောင်းပြင်မြို့တွင် ၆၄ စင်တီမီတာ၊ မော်လိုက်မြို့တွင် ၁ဝ၄ စင်တီမီတာ၊ ကလေးဝမြို့တွင် ၁၈ စင်တီမီတာနှင့် 
မင်းကင်းမြို့တွင် ၁၄ စင်တီမီတာအထိ စိုးရိမ်ရေမှတ်အထက်ရောက်ရှိနေကြောင်း သိရသည်။ မြစ်အောက်ပိုင်း ကနီမြို့နှင့် မုံရွာမြို့ တို့တွင် စိုးရိမ်ရေမှတ်အောက်တွင်သာရှိနေသေးပြီး နောက် နှစ်ရက်ခန့်တွင် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိလာ နိုင်ကြောင်းခန့်မှန်းထားသည်။

ပြီးခဲ့သည့်ဇူလိုင်လကလည်း ချင်းတွင်းမြစ်ရေတက် ခဲ့သည့်အတွက် မြို့ ရှစ်မြို့တွင် စိုးရိမ်ရေမှတ် အသီးသီး အထက် ကျော်လွန်ခဲ့ပြီး ရေကြီးရေလျှံမှုကြောင့် လယ်ယာ မြေဧက ၁၆ဝဝဝ ကျော် ပျက်စီးခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင်လကရေကြီးရေလျှံမှုကြောင့် လူနှင့် တိရစ္ဆာန်များ သေဆုံးမှုရှိခဲ့ပြီး ရေဘေးဒုက္ခရောက်သူများကို စစ်ကိုင်းတိုင်းဒေသကြီး လူ/ကယ်/ပြန်ဦးစီးဌာနအနေဖြင့် ငွေနှင့် အခြားအသုံးအဆောင်ပစ္စည်းများ စုစုပေါင်း ကျပ်သိန်း ပေါင်း ၇ဝဝ ဝန်းကျင်ထောက်ပံ့ခဲ့ကြောင်း သိရသည်။



Credit by: MOI Webportal Myanmar


0 မှတ်ချက်များ for "ချင်းတွင်းမြစ်ရေမြင့်တက်နေရာ မြစ်ကမ်းတစ်လျှောက်ရှိ မြို့ ခြောက်မြို့တွင် စိုးရိမ်ရေမှတ်ထက်ကျော်လွန်နေ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++