အမျိုးသမီးကျောင်းသူအဆောင်သို့ ကာရံထားသည့် သံဇကာအား ဖျက်စီပြီး ဓားကိုင်ဝင်လာသူအား ဖမ်းဆီးမိ
၁၈-၈-၂၀၁၇ ရက်နေ့ ည ၈း၄၅မိနစ် အချိန် က ကချင်ပြည်နယ် မိုးညှင်းမြို့  မိုးညှင်းဒီဂရီကောလိပ်၏ အတွင်း ဆောင် ဖြစ်သော စပယ်အမျိုးသမီးကျောင်းသူအဆောင်သို့ အဆောင်အနောက်ဖက် ကာရံထားသည့် သံဇကာအား ဖျက်စီးပြီး အရိုးအသွား ၈လက်မ အရွယ်ရှိ ဓားအားကိုင်ဆောင်လျက်ဝင်ရောက်လာစဉ် အဆောင်လုံခြုံရေး ဝန်ထမ်းများမှ ဖမ်းဆီးရရှိခဲ့ပါသည်။ထိုအပေါင်းအပါဖြစ်သော" လဆိုင်း"ကိုမူ ဖမ်းမမိခဲ့ပေ။ အဖွဲ့လိုက်ခိုးသူများဖြစ်နိုင်ပါသည်။
ကျန်သည့် အပေါင်းအပါများကိုမူ ထိမ်ချန်ထားပါသဖြင့် မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်အုပ်ချုပ်ရေးမှုးတို့ကို အကြောင်းကြားကာ ရဲလက်သို့အပ်နှံခဲ့ပါသည်။
Credit by: Tauk Tun (မိုးညှင်းအော်သံ)


0 မှတ်ချက်များ for "အမျိုးသမီးကျောင်းသူအဆောင်သို့ ကာရံထားသည့် သံဇကာအား ဖျက်စီပြီး ဓားကိုင်ဝင်လာသူအား ဖမ်းဆီးမိ"