မြစ်သာရေလှောင်တမံ ဘက်စုံရေလှောင်တမံစီမံကိန်းဒေသ ကျေးရွာ ၄ ရွာတွင် လျှပ်စစ်ဓာတ်အားလိုင်း တည်ဆောက်လျှက်ရှိ

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် မြစ်သာရေလှောင်တမံ ဘက်စုံစီမံကိန်းဒေသ၌ ရေဝပ်ဧရိယာ အတွင်း ကျရောက်
သဖြင့် ပြောင်းရွှေ့ကြရသည့် ပနန်း၊ စပယ်၊ ယင်းမာ နှင့် စင်ပုံကျေးရွာများတွင် လျှပ်စစ်ဓာတ်အား လိုင်းများကို တည်ဆောက်ပေးလျက်ရှိရာ ၃၁၅ ကေဗွီအေ ထရန်စဖော်မာ ၂ လုံးတည်ဆောက်ခြင်း၊ ၁၁ ကေဗွီအေ ဓာတ်အားလိုင်း ၆ မိုင်ခန့်တည်ဆောက်ခြင်း၊ ၄၀၀/၂၃၀ ဗို့ ဓာတ်အားလိုင်း ၇ မိုင်ခန့် တည်ဆောက် ခြင်းလုပ်ငန်းများ ပြီးစီးနေပြီးဖြစ်သည့်အတွက် ကျေးရွာ ၄ ရွာ၏ မူလအိမ်ခြေ ၃၇၅ လုံး၊ ဘုန်းတော်ကြီးကျောင်း ၄ ကျောင်း၊ စာသင်ကျောင်း ၄ ကျောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ၄ ရုံး၊ ဆေးပေးခန်းတစ်ခုတို့တွင် ဆားဗစ်ကြိုး တပ်ဆင်ခြင်းလုပ်ငန်းများနှင့် အိမ်သုံးမီတာတပ်ဆင်ခြင်း လုပ်ငန်းများကို 
ဆက်လက်ဆောင်ရွက် လျက်ရှိသည်။ 

ထို့အပြင် ကျေးရွာအတွင်း ရေပေးဝေရေး လုပ်ငန်းဆောင်ရွက်နိုင်ရန် ပါဝါမီတာ ၇ လုံးတပ်ဆင်ခြင်း လုပ်ငန်း အပြင် ဆက်လက်တိုးချဲ့ တည်ဆောက်သော အိမ်ခြေများအတွက်ပါ အိမ်သုံးမီတာစုစုပေါင်း ၄၅၅ လုံး တပ်ဆင်ခြင်း နှင့် ဆားဗစ်ကြိုးတပ်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါ လုပ်ငန်း အားလုံးအတွက် ကုန်ကျစရိတ်များကို နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ကျခံသုံးစွဲပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဒေသ ကျေးရွာများနေ ပြည်သူများ လျှပ်စစ်အန္တရာယ် ဘေးကင်းစွာ အသုံးပြုတတ်စေရန် အသိပညာ ပေးဟောပြောပွဲကို သြဂုတ် ၁၈ ရက်က စင်ပုံကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်ပြုလုပ်ရာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဥာဏ်လှိုင်က အမှာစကားပြောကြားပြီး မြို့နယ်လျှပ်စစ်မှူး ဦးတင့်ဇော်က လျှပ်စစ်မီးနှင့် ပတ်သက်၍ ဘေးကင်းစွာသုံးစွဲနိုင်ရေး ပညာပေး
 ဟောပြော ဆွေးနွေးခဲ့ကာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ သည် ကျေးရွာများရှိ နေအိမ်များတွင် လျပ်စစ်မီးတပ်ဆင်သွယ်တန်း သုံးစွဲမှုများကို လှည့်လည်ကြည့်ရှု ခဲ့ကြ ကြောင်း သိရသည်။

Credit by: MOI Webportal Myanmar

0 မှတ်ချက်များ for "မြစ်သာရေလှောင်တမံ ဘက်စုံရေလှောင်တမံစီမံကိန်းဒေသ ကျေးရွာ ၄ ရွာတွင် လျှပ်စစ်ဓာတ်အားလိုင်း တည်ဆောက်လျှက်ရှိ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++