နေ့တိုင်း အသားနီလန်ပြီး ထူးဆန်းတဲ့အရေပြားရောဂါခံစားနေရတဲ့ ကလေး(၂)ဦး
ဆေးဘက်ဆိုင်ရာပတ်ဝန်းကျင်မှာ ထူးဆန်းတဲ့ရောဂါတွေဟာ တစ်မျိုးပြီးတစ်မျိုး ပေါ်ပေါက်လာလေ့ ရှိပါတယ်။ ထိုင်းနိုင်ငံက အရွယ်မရောက်သေးတဲ့ ကလေးနှစ်ဦးဟာလည်း ထူးဆန်းတဲ့အရေပြားရောဂါကို ခံစားနေရပြီး အလွန်သနားစရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုပဲဖြစ်ပါတယ်။ အဆိုပါကလေး(၂)ဦးမှာ တစ်ဦးက (၃)နှစ်သားဖြစ်ပြီး တစ်ဦးက (၃)လသားဖြစ်ကာ နှစ်ယောက်စလုံးဟာတစ်အူထုံဆင်း ညီအစ်ကိုတွေဖြစ်ကြပါတယ်။ဒါပေမယ့် သနားစရာကောင်းတဲ့ ကလေး(၂)ဦးဟာ နေ့တိုင်းအသားနီတွေလန်ပြီးထူးဆန်းတဲ့ အရေးပြားရောဂါကိုခံစားနေရတာဖြစ်ပါတယ်။ ခေါင်းကနေ ခြေဖျားအထိ အသားရေတွေဟာ လျှောကျသွားသလို အရည်ကြည်ဖု၊ မီးလောင်ဖုတွေမျိုးတွေလည်းပေါက်ခဲ့ပါတယ်။ နေ့တိုင်းအသားရေ အမြဲတမ်းလန်နေခဲ့ပြီး Epidermolysis Bullosaလို့ခေါ်တဲ့အပေါ်ယံအရေပြားလွှာရောဂါတစ်မျိုးဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါကလေး(၂)ဦးဟာ ထူးဆန်းတဲ့ အရေပြားရောဂါခံစားနေရသလို ဖခင်ဖြစ်သူရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရပြီး အသက်(၂၁)အရွယ် မိခင်နဲ့အတူနေထိုင်နေပါတယ်။ သူတို့ရဲ့မိခင်ဖြစ်သူကလည်း သားတွေကို စောက်ရှောက်နေရလို့ ၀င်ငွေမရှိဘဲ မိဘဆွေမျိုးတွေနဲ့ ကပ်နေရပါတယ်။
ကလေး(၂)ဦးရဲ့ဆေးရုံစရိတ်တွေကို ထိုင်းဘုန်တော်ကြီး လူထွက် Bhinဆိုသူက တက်နိုင်သလောက် အကုန်ကျခံ ကုသပေးနေတယ်လို့ သိရပါတယ်။ Bhinဟာ ဒေသခံပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေးတွေကို ထောက်ပံ့ပေးနေတဲ့ ပရဟိတတစ်ဦးဖြစ်ပါတယ်။
ကလေး(၂)ဦးရဲ့ (၂၁)နှစ်အရွယ်မိခင်ဖြစ်သူက ”အခုချိန်မှာ ကျွန်မတို့ဟာ မိသားစုနဲ့အတူ အခန်းကျဉ်းလေးထဲမှာ နေထိုင်နေရပြီး စားစရာတွေကိုလည်း ချေးစားနေရပါတယ်။ ကလေးတွေဟာ နေမကောင်းဖြစ်တဲ့အခါ အရမ်းစိုးရိမ်ရခဲ့ရပြီးတစ်ဦးဆိုရင်မျက်လုံးတောင်မမြင်ရတော့ ပါဘူး။ ဒါပေမယ့် နှစ်ဦးစလုံး အသက်ရှင်နေသေးလို့ ၀မ်းသာရပါတယ်။ ပတ်ဝန်းကျင်က လူတွေက ကျွန်မသားနှစ်ယောက် က ကမ္ဘာမြေက မဟုတ်ဘဲ ဂြိုလ်သား(၂)ဦးလို့ ခေါ်ဝေါ်ကြပါတယ်”လို့ပြောဆိုခဲ့ ပါတယ်။
ဒါ့အပြင် သူမက ငွေရဲ့အရေးကြီးပုံကိုလည်း ပြောခဲ့ပါတယ်။ ”ပညာလည်းမရှိ၊ ပိုက်ဆံလည်းမရှိတဲ့ လူတွေဟာ ပတ်ဝန်းကျင်မှာ အပယ်ခံတွေပါပဲ။ ကျွန်မ သားတွေ ထူးဆန်းတဲ့ရောဂါခံစားနေရပေမယ့် ကူညီပေးဖို့ လက်တွန့်တဲ့သူတွေကများပါတယ်။ ကျွန်မကသာ ပိုက်ဆံတွေသုံးဖြုန်းနိုင်ရင် ဆရာဝန်တွေ အိမ်ထိတောင်လာပြီး ဆေးကုသမှာဖြစ်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။
0 မှတ်ချက်များ for "နေ့တိုင်း အသားနီလန်ပြီး ထူးဆန်းတဲ့အရေပြားရောဂါခံစားနေရတဲ့ ကလေး(၂)ဦး"