မင်္ဂလာပွဲဖျက်သိမ်းခံရပေမယ့်၊ အိမ်ရာမဲ့တွေကို ပေါင် 2 သောင်းကျော် အကုန်ကျခံကျွေးမွေးခဲ့သူ

အမေရိကန်၊ အင်ဒီယာနာပြည်နယ်၊ ကာလ်မယ်မှာ နေထိုင်တဲ့ Sarah Cummins အမည်ရ အသက် 25 နှစ်အရွယ် သတို့သမီးလောင်းဟာ မင်္ဂလာပွဲအတွက် Ritz Charles ဟိုတယ်မှာ ပေါင် 23000 ကျော်ပေးကာ ဘုတ်ကင်လုပ်ထားခဲ့ပါတယ်။ မင်္ဂလာပွဲ မကျင်းပမီ မိနစ်ပိုင်းအလိုမှာ သတို့သားဘက်မှ တစ်ဖက်သက်ဖျက်သိမ်းခဲ့ပေမယ့် သူမက ပြင်ဆင်ထားတဲ့ အခမ်းအနားကို ဖျက်သိမ်းခြင်း မရှိဘဲ၊ အိမ်ယာမဲ့ 170 ကျော်ကို ဖိတ်မံကျွေးမွေးခဲ့ပါတယ်။

Sarah က မင်္ဂလာပွဲ ဘာကြောင့် ပျက်သွားရတယ်ဆိုတာကို လူသိရှင်ကြား မပြောလိုပေမယ့်၊ သူမအတွက်တော့ အလွန်ခံစားကြေကွဲရကြောင်း ဆိုပါတယ်။ မင်္ဂလာပွဲပျက်သွားပေမယ့်၊ စီစဉ်စားထဲ အစားအစာတွေဟာ အလဟဿဖြစ်သွားမှာမို့ အိမ်ခြေရာမဲ့တွေကို လာရောက်သုံးဆောင်ကြဖို့ ဖိတ်မံခဲ့ပါတယ်။သူမကို လာရောက်အားပေးနှစ်သိမ့်တဲ့ သူငယ်ချင်းတွေလည်း တစ်ဖွဲဖွဲရောက်လာခဲ့ပြီး၊ အားပေးခဲ့ကြပါတယ်။

Sarah က ” ကျွန်မအတွက်တော့ သိပ်ကို ၀မ်းနည်းစရာ ကောင်းပါတယ် .. ဒါပေမယ့် ကျွန်မအတွက် ဒီထက် အကျိုးရှိရာ ရှိကြောင်းတွေ လုပ်စရာတွေ ရှိနေသေးတယ် … စားစရာတွေက မဟုတ်ရင် အလဟဿဖြစ်သွားမှာ … “လို့ ပြောခဲ့ပါတယ်။သူမဟာ သတို့သားလောင်း Logan Araujo နဲ့ လက်ထပ်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမယ့်အကြောင်းရင်း တစ်ခုကြောင့် မင်္ဂလာပွဲပျက်သွားပေမယ့်၊ ဒီမင်္ဂလာပွဲအတွက် ကုန်ကျစာရိတ်မှန်သမျှကို သူ့ဘက်က အကုန်အကျခံမှာဖြစ်တယ်လို့ သိရပါတယ်။

Logan က ” ကျနော်လည်း ပူဆွေးရပါတယ် … ဒီကြားထဲမှာ Sarah ရဲ့ အတ္တကင်းမဲ့တဲ့လုပ်ရပ်ကြောင့် ပျော်ရပါတယ် … ဒီလို ခက်ခဲတဲ့အချိန်မှာတောင် သူဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ခဲ့တာ ကျနော် ဂုဏ်ယူအသိအမှတ်ပြုပါတယ် “လို့ ပြောပါတယ်။Sarah ကတော့ အိမ်ယာမဲ့တွေ သူမရဲ့ လှူဒါန်းမှုကို လာရောက်စားသောက်ဖို့အတွက် Ritz Charles မှ မင်္ဂလာပွဲစီစဉ်သူနဲ့ ပူးပေါင်းပြီး ဘက်စ်ကားတွေ ကိုပါစီစဉ်ပေးခဲ့ပါတယ်။ ဒေသခံစီးပွားရေး လုပ်ငန်းတစ်ခုကလည်း ဧည့်သည်တွေ ပွဲကို အဆင်ပြေစွာ တက်ရောက်နိုင်ဖို့အတွက် အ၀တ်အစားတွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

0 မှတ်ချက်များ for "မင်္ဂလာပွဲဖျက်သိမ်းခံရပေမယ့်၊ အိမ်ရာမဲ့တွေကို ပေါင် 2 သောင်းကျော် အကုန်ကျခံကျွေးမွေးခဲ့သူ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++