ဆန်ပြုတ်၏ အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများ

ဆန်ပြုတ်ဟာ ပြည့်စုံသော မနက်ခင်းတစ်ခုကို အစပြုစေနိုင်မယ့် နံနက်စာတစ်မျိုး ဖြစ်ပါတယ်။ ပူပူနွေးနွေးနဲ့ အာဟာရပြည့်စုံစေတဲ့ ဆန်ပြုတ်ရဲ့ အာဟာရနဲ့ ကျန်းမာရေးဆိုင်ရာကောင်းကျိုးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

အစာအိမ်အတွက် အကျိုးပြုခြင်း

ဆန်ပြုတ်ဟာ အစာချေရ လွယ်ကူစေတာကြောင့် အစာအိမ်အတွက် သက်သာရာရစေပါတယ်။ ကျွန်ုပ်တို့ရဲ့အစာအိမ်ဟာ စက်တစ်လုံးရဲ့ ပုံစံအတိုင်း အလုပ်လုပ်တာဖြစ်တဲ့အတွက် အစာကြိတ်ချေရ ခက်ခဲလွန်းတဲ့ အစားအစာတွေစားသောက်တဲ့အခါ အားစိုက်ထုတ်ရပါတယ်။ ဒီလို ၀န်လေးတဲ့ တာဝန်ကို ဆန်ပြုတ်က ဖယ်ရှားပေးပါတယ်။
အလွယ်တကူ ကျေညက်နိုင်စွမ်းရှိတဲ့အပြင် ၀မ်းအေးစေတဲ့အတွက် နေရထိုင်ရပေါ့ပါးလန်းဆန်း စေနိုင်ပါတယ်။

အကောင်းဆုံးသောနံနက်စာ

အစာအိမ်နဲ့ အူလမ်းကြောင်းကို ရေဓာတ်ဖြည့်တင်းပေးနိုင်ပြီး ကိုယ်တွင်းအင်္ဂါများကို အလိုလျောက် ပြန်လည်နိုးကြားစေနိုင် တာကတော့ ဆန်ပြုတ်ပဲ ဖြစ်ပါတယ်။ ဆန်ပြုတ်ကို နံနက်စာအဖြစ် ပုံမှန်စားသုံးခြင်းအားဖြင့် ထူးခြားတဲ့ ကျန်းမာရေးဆိုင် ရာ ကောင်းကျိုးတွေကို ရရှိနိုင်ပါတယ်။ ဥပမာ – အလွန်အကျွံ သွေးတိုးလေ့ရှိသူများကို သွေးပေါင်ချိန် ပုံမှန်ပြန်ဖြစ်စေခြင်း၊ အစာချေနိုင်စွမ်း အားနည်းလွန်းတဲ့ အစာအိမ်ကို ပုံမှန်အတိုင်း ပြန်လည်အစာချက်နိုင်စေခြင်း စတဲ့ကောင်းကျိုးများကို ရရှိစေနိုင်ပါတယ်။ နံနက်ခင်းအချိန်အခါဟာ အစာအိမ်၊ သရက်ရွက်နဲ့ ပန်ကရိယတို့ စတင်အလုပ်လုပ်တဲ့ အချိန်ဖြစ်ပြီး ဆန်ပြုတ်စားသုံးတဲ့အခါစည်းချက်မှန်ကန်တဲ့ကိုယ်တွင်းလုပ်ဆောင်မှုတွေကို ဖြစ်ပေါ်စေနိုင် လို့ နေ့စဉ်နေ့တိုင်း နံနက်စာ အတွက် ရွေးချယ်သင့်တဲ့ အစားအစာ ဖြစ်ပါတယ်။

အကောင်းဆုံးသော စက်ဆီ

အစာအိမ်ကို စက်လို့ တင်စားကြမယ်ဆိုရင် ဆန်ပြုတ်ဟာ စက်ဆီနေရာမှာ တည်ရှိပါတယ်။ အစာအိမ်ကောင်းစွာလည်ပတ်အလုပ်လုပ်နိုင်ပြီး အားပြည့်စေဖို့အတွက် ဆန်ပြုတ်က ကူညီပေးနိုင်ပါတယ်။ အထူးသဖြင့် အစာအိမ်အူလမ်းကြောင်းနဲ့ ပတ်သက်တဲ့ ရောဂါဝေဒနာတွေနဲ့ ၀မ်းလျှောခြင်းကဲ့သို့ ဝေဒနာများ ခံစားရချိန်မှာ ဆန်ပြုတ်သောက်သုံးပေးသင့်တယ်လို့ ဆရာဝန်များက အကြံပြုထားပါတယ်။

နှလုံးရောဂါမှ ကင်းဝေးစေခြင်း

တစ်နေ့လျှင် ဆန်ပြုတ်တစ်ခွက် သောက်သုံးပေးခြင်းဟာ နှလုံးရောဂါနှင့် သေဆုံးခြင်း အန္တရာယ်မှ ကာကွယ်ပေးပြီး
သက်ရှည်ကျန်းမာစေတဲ့ သော့ချက်တွေထဲကတစ်ခု ဖြစ်တယ်လို့ ဟားဗတ်တက္ကသိုလ်မှ လေ့လာသူများက ဆိုထားပါ တယ်။ ဒါ့အပြင် ရေရှည်ကျန်းမာရေးအတွက်လည်း အကျိုးသက်ရောက်မှု များစွာရှိတယ်လို့ ဆိုကြပါသေးတယ်။

 ကိုယ်တွင်းရေဓာတ်ကို ဖြည့်တင်းပေးခြင်း။
ဆန်ပြုတ်မှာ ကိုးဆယ်ရာခိုင်နှုန်းဟာ ရေဓာတ်ပါဝင်နေတာကြောင့် အပူ၊အအေး ရာသီဥတုမရွေး နေထိုင်သူအားလုံးအတွက် အလွယ်တကူ ရေဓာတ်ဖြည့်တင်းစေနိုင်မယ့် အာဟာရပြည့် အစားအစာတစ်ခု ဖြစ်ပါတယ်။ ဆန်ပြုတ်ဟာအခြားသော အစားအစာတွေထက် ကိုယ်တွင်းမှာ အချိန်ကြာကြာ ပိုနေနိုင်တဲ့အတွက် အစာအိမ်ရဲ့ အစာချေဖျက်နှုန်းကိုလည်း ကောင်းမွန်စေပါတယ်။

 ဒါ့ကြောင့် ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပြီး အာဟာရလည်း ပြည့်ဝတဲ့ ဆန်ပြုတ်ဟာ သင်ရွေးချယ်ရမယ့်အကောင်းဆုံးသော နံနက်စာ ဖြစ်ပါတယ်။ ပြင်ဆင်ချက်ပြုတ်ရ လွယ်ကူလျင်မြန်ပြီး အာဟာရဓာတ် ပြည့်စုံတဲ့ဆန်ပြုတ်ကို စဉ်းစားနေရင်တော့ Knorr ကို သတိရလိုက်ပါ။ ခုလို မိုးအေးအေး နံနက်ခင်းလေးမှာ အရသာရှိပြီးအာဟာရဓာတ် ပြည့်စုံလှတဲ့ Knorr ဆန်ပြုတ် ပူပူလေးနဲ့ သင့်ရဲ့ တစ်နေ့တာကို အကောင်းဆုံး စတင်လိုက်ပါ။

0 မှတ်ချက်များ for "ဆန်ပြုတ်၏ အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++