မွေးကင်းစ သမီးလေးကို အရှင်လတ်လတ် မြေမြှုပ်သတ်ခဲ့သည့် မိခင်ကို ဖမ်းဆီး
အသက် 18 နှစ် သာရှိသေးတဲ့ Brooke Skylar Richardson အမည်ရ အမျိုးသမီးဟာ သူမရဲ့ မွေးကင်းစ သမီးလေးကို အိမ်နောက်ဖေး ဥယျာဉ်ထဲမှာ အရှင်လတ်လတ် မြေမြှုပ်သတ်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးစစ်ဆေးခြင်းကို ခံနေရပါတယ်။
Brooke ဟာ အမေရိကန် အိုဟိုင်းယိုးပြည်နယ်၊ ချားလစ္စလီမှာ နေထိုင်သူ ဖြစ်ပြီးပန်းပွားအက အဖွဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ သူမက ကလေးဟာ မွေးကတည်းက အသေလေးမို့ အခုလို မြှုပ်နှံ ခဲ့ရတာ ဖြစ်ကြောင်း လိမ်လည် ပြောဆိုခဲ့ပေမယ့် သက်သေတွေက ကလေးဟာ အရှင်အတိုင်း မွေးဖွား လာခဲ့သူဖြစ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။
ဒါ့အပြင် သေဆုံးသူ ကလေးကို စစ်ဆေးတဲ့အခါမှာလည်း မကြာသေးခင် အချိန်ပိုင်းမှ သေဆုံးတဲ့အချိန်ကို ဆရာဝန်ကမှတ်ချက်ပေးခဲ့တဲ့အတွက် Brooke ကို လူသတ်မှုနဲ့ ပြောင်းလဲ စွဲချက်တင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတရားရုံးက သေမှုသေခင်းစစ်ဆေးရေးအဖွဲ့ရဲ့စစ်ဆေးတွေ့ရှိချက်တွေကို စောင့်ဆိုင်းနေပြီး၊ ထွက်ပေါ်လာတဲ့ သတင်းကတော့ ကလေးဟာ မြေမြှုပ်ခံရပြီးမှ သေဆုံးခဲ့တာလို့ သိရပါတယ်။
ဒါပေမယ့် Brooke ရဲ့ ရှေ့နေ Charles Rittgers ကတော့ ကလေးဟာ မေလ7ရက်နေ့ ကတည်းက သေဆုံးခဲ့တာဖြစ်ကြောင်း၊ ထုတ်ဖော်ပြောကြားခဲ့ပြီး၊ သူ့ဘက်ကတော့ ဆရာဝန်တွေရဲ့ ခိုင်လုံတဲ့ သက်သေပါ မပါဆိုတာကို သတင်းမှာ တိတိကျကျ ဖော်ပြမထားပါဘူး။
0 မှတ်ချက်များ for "မွေးကင်းစ သမီးလေးကို အရှင်လတ်လတ် မြေမြှုပ်သတ်ခဲ့သည့် မိခင်ကို ဖမ်းဆီး"