ဒေါ်လာ 20 နဲ့ဝယ်ယူခဲ့တဲ့ ဆိုဖာထဲမှ $ 40800 တွေ့လို့ မူလပိုင်ရှင်ကို ပြန်ပေးခဲ့ကြသူများ
Lara Russo ၊ Cally Guasti နဲ့ Reese Werkhoven တို့ဟာ အဆောင်အတူတူ ငှားနေကြသူတွေ ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ထင်မှတ်မထားပါဘဲ ၀ယ်ယူခဲ့တဲ့ ဆိုဖာထဲကနေ ငွေသား ဒေါ်လာ 40800 တွေ့ခဲ့ပါတယ်။ဒီထိုင်ခုံရဲ့ တန်ဖိုးဟာ $ 20 ဖြစ်ပြီး၊ ပြန်တွေ့ခဲ့ရတဲ့ ငွေကတော့ အဆ 2000 ကျော် များပြားတဲ့ ငွေပါ။ အဲဒီခုံရှည်ဟာ Salvation Army အရောင်းဌာနမှ ဖြစ်ပြီး၊ ပစ္စည်း အဟောင်းတွေ ကို ပြန်လည်ရောင်းချတဲ့ တပ်မတော် သက်သာချောင်ချိရေး ဆိုင်ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ထိုင်ခုံကို သန့်ရှင်းရေး လုပ်တဲ့အခါမှာ ဒေါ်လာ 40800 တန်ဖိုးရှိငွေသားတွေနဲ့အတူ Deposit slip တစ်ခုကို တွေ့ခဲ့ ပါတယ်။
Cally က ” ကျမတို့က နယူးယော့ခ်မြိုနဲ့ 75 မိုင်ဝေးတဲ့ New Paltz မှာ သူငယ်ချင်းသုံးယောက် စုပြီး နေကြတာပါ .. တကယ်တော့ ဒီငွေတွေ တွေ့ခဲ့တုန်းက ကျမတို့တော့ ထောပြီဆိုပြီး ပျော်ခဲ့ကြပါသေးတယ် … ဒါပေမယ့် ဒါတွေက ကိုယ့်ငွေတွေမှ မဟုတ်တာပဲလေ “လို့ ပြောခဲ့ပါတယ်။သူတို့အဖွဲ့ဟာ ထိုင်ခုံက ထိုင်ရတာ သက်တောင့်သက်သာမရှိတဲ့အတွက် ဘေးမှာပါတဲ့ ဇစ်ကိုဖွင့်ပြီး၊ ပြင်ဆင်ဖို့ ကြိုးစားခဲ့တာပါ။ အဲဒီမှာပင် ဒေါ်လာ 4000 ကနဦး တွေ့ခဲ့ရပြီး သုံးယောက်သား ၀မ်းသာအားရ ထိုင်ခုံအတွင်းကို အလုံးစုံ ရှာဖွေတဲ့အခါမှာတော့ ဒေါ်လာ 40800အထိ တွေ့ခဲ့တာ ဖြစ် ပါတယ်။
မူလပိုင်ရှင်ကို စုံစမ်းလိုက်တဲ့အခါမှာတော့ ဒီငွေတွေဟာ အသက် 91 နှစ်အရွယ် မုဆိုးမအဖွားအိုကြီးက သိမ်းဆည်းထားတဲ့ခဲ့တာတွေ ဖြစ်ပါတယ်။ Lara တို့အဖွဲ့ဟာ အဖွားဆီကို ဖုန်းဆက်အကြောင်းကြား၊ ရောက်အောင်သွားပြီး၊ ငွေတွေကိုပြန်ပေးခဲ့ကြပါတယ်။ သတို့သုံးယောက် ရောက်သွားချိန်မှာအဖွားဟာဝမ်းသာနေပြီး၊အသက်ကြီးလို့အတော်လေး
နေမကောင်းလည်း ဖြစ်နေပါတယ်။အဖွားဟာ ဆေးရုံတင်ထားရပြီး၊ သမီးကြီးနဲ့ အတူနေပါတယ်။
Lara တို့ သုံးဦးဟာ ဆေးရုံအထိ လိုက်သွားပြီး၊ ငွေမှန်သမျှကို ပြန်ပေးခဲ့တာပါ။ သမီးဖြစ်သူရဲ့ ပြောပြ ချက်အရ အဲဒီဆိုဖာထိုင်ခုံကို သူမက တပ်မတော်သားရံပုံငွေအတွက် ရောင်းချနေ တဲ့ Salvation Army ကို လှူဒါန်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ကာယကံရှင်အဖွားက ရိုးသားတဲ့ Lara တို့ အဖွဲ့ကို တစ်ယောက်ကို ဒေါ်လာ 1000 ဆီ ပြန်လည် ကူညီခဲ့တယ်လို့ သိရပါတယ်။
Cally က ” အဲဒီနေ့က ကျွန်မတို့ အော်ဟစ်မြူးတူးနေတော့ အနီးအနားကလူတွေက ထီပေါက်တယ် မှတ်နေကြတာ … ဒါပေမယ့် သေချာစဉ်းစားကြည့်တော့ ဒါတွေက သူများငွေတွေလေ “လို့ ဆိုပါတယ်။ Werkhoven က ” ဟုတ်ပါတယ် ဒီငွေတွေက ကိုယ်ပိုင်ငွေတွေ မဟုတ်ပါဘူး … ကျနော်တို့မှာ ထိန်းသိမ်းထားခွင့်ရော ပိုင်ဆိုင်ခွင့်ပါ မရှိပါဘူး … ဒီတော့ ပိုင်ရှင်ကိုပဲ ပြန်ပေးရမယ့် တာဝန်ရှိပါတယ် “လို့ ဆိုပါတယ်။
0 မှတ်ချက်များ for "ဒေါ်လာ 20 နဲ့ဝယ်ယူခဲ့တဲ့ ဆိုဖာထဲမှ $ 40800 တွေ့လို့ မူလပိုင်ရှင်ကို ပြန်ပေးခဲ့ကြသူများ"