မိုးတွင်းမှာ ငါးစားရင်ဖြစ်လာနိုင်တဲ့ ဆိုးကျိုး(၅)ခု
ငါးစားခြင်းအားဖြင့် ပရိုတိန်းနဲ့ omega three fatty acid တွေ ရရှိနိုင်လို့ ကျန်းမာရေးအတွက် အထောက်အကူပြု တယ်လို့ လက်ခံယုံကြည်ထားကြပါတယ်။ သို့ပေမယ့် မိုးတွင်းကာလမှာ ငါးစားရင် ဖြစ်လာနိုင်မယ့် အကျိုးဆက်တွေကို တော့ လူအများစု မသိရှိကြသေးပါဘူး။ ဒါကြောင့် အာဟာရကျွမ်းကျင်ပညာရှင်များရဲ့ အဆိုအရ မိုးတွင်းမှာ ငါးမစားသင့် တဲ့ အကြောင်းရင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။သားပေါက်တဲ့ကာလ
မိုးတွင်းဟာ ငါးနဲ့ အခြားသော ရေနေသတ္တ၀ါများရဲ့ သားပေါက်တဲ့ အချိန်ကာလ ဖြစ်ပါတယ်။ ထိုအချိန်အခါမှာ ဥပါတဲ့ ငါးတွေကို စားသုံးမိမယ်ဆိုရင် အစာအိမ်မှာ ကူးစက်ရောဂါဖြစ်ခြင်းနဲ့ အစာအဆိပ်သင့်ခြင်းတွေ ဖြစ်စေနိုင်တယ်လို့ ဆိုပါ တယ်။
ပုပ်သိုးဆွေးမြည့်လွယ်ခြင်း
မိုးတွင်းကာလမှာ ရေနေသတ္တ၀ါအများစုဟာ ရေထဲက ညစ်ညမ်းမှုတွေကြောင့် အလွန်ပုပ်သိုးဆွေးမြည့် လွယ်ပါတယ်။ ကုန်းပေါ်က အမှိုက်သရိုက်များနဲ့ အညစ်အကြေးများဟာ မြစ်ချောင်းအသွယ်သွယ်ကို စီးဆင်းသွားတာကြောင့် ဒီလိုအခြေ အနေမှာ ပိုပြီး ပုပ်သိုးနိုင်ချေ မြင့်မားတယ်လို့ အာဟာရကျွမ်းကျင် ပညာရှင်များက ဆိုကြပါတယ်။
လတ်ဆတ်မှု
ဆယ်ရက်နဲ့အထက် ရေခဲခံထားတဲ့ ငါးတွေကို စားသုံးမိမယ်ဆိုရင် လတ်ဆတ်မှု မရှိတော့တဲ့အတွက် အစာအဆိပ်သင့် တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။
ညစ်ညမ်းမှု
မြစ်ချောင်းအင်းအိုင်များက ရေထုညစ်ညမ်းမှု အခြေအနေဟာ မိုးတွင်းအချိန်မှာ ပိုမိုမြင့်တက်လေ့ ရှိပါတယ်။ ညစ်ညမ်းတဲ့ ရေထဲမှာ ပေါက်ပွားလာတဲ့ ငါးတွေဟာလည်း အလိုလျောက် ညစ်ညမ်းပြီးသား ဖြစ်တာကြောင့် ရေမှာဖြစ်ပေါ်လေ့ရှိတဲ့ ရောဂါတွေဖြစ်တဲ့ တိုက်ဖွိုက်ခေါ် အူရောင်ငန်းဖျားရောဂါ၊ အသားဝါရောဂါနဲ့ ၀မ်းလျှောဝမ်းပျက်ရောဂါတွေ ကူးစက်ခံရနိုင် ပါတယ်။
တာရှည်ခံပြုလုပ်ထားခြင်း
ဆယ်လ်မွန်ငါးကဲ့သို့ တာရှည်ခံ ပြုလုပ်ထားပြီး စူပါမားကတ်တွေမှာ ပါကင်လှလှလေးတွေနဲ့ ရောင်းချလေ့ ရှိတဲ့ ငါးများဟာ စားချင်စဖွယ်ပုံစံဖြစ်နေအောင် တာရှည်ခံဆေးများနဲ့ စပရေးများ ဖြန်းထားတတ်ပါတယ်။ လတ်ဆတ်အရသာရှိတဲ့ပုံ ဖြစ်စေအောင် ငါးထဲက ဘက်တီးရီးယားတွေနဲ့ တစေး (yeast)တွေကို ကြာရှည်ထိန်းသိမ်းထားနိုင်မယ့် ဆာလ်ဖိတ်နဲ့ ပိုလီဖော့စဖိတ်တွေကို အသုံးပြုထားတတ်ကြပါတယ်။ တာရှည်ခံပစ္စည်းများကို စားသုံးခြင်းအားဖြင့် အသက်ရှုရ ခက်ခဲတဲ့ရောဂါတွေနဲ့ နှလုံးရောဂါတွေ ဖြစ်နိုင်ချေကို တိုးမြင့်စေနိုင်ပါတယ်။
စားသတိ သွားသတိဆိုတဲ့ စကားအတိုင်းပဲ မိမိစားသောက်မယ့် အစားအစာကို လတ်ဆတ်သန့်ရှင်းမှု၊ ကျန်းမာရေးနဲ့ ကိုက်ညီမှု ရှိမရှိ ဆန်းစစ်ပြီးမှ စားသုံးကြပါလို့ အသက်ရှည်၊ အနာမဲ့စေလိုတဲ့ စေတနာနဲ့ ဝေမျှပေးလိုက်ပါတယ်။
Credit : thehealthsite
0 မှတ်ချက်များ for "မိုးတွင်းမှာ ငါးစားရင်ဖြစ်လာနိုင်တဲ့ ဆိုးကျိုး(၅)ခု"