ISIS စစ်သွေးကြွတွေကို ကိုင်တွယ်မယ့် အမေရိကန်ရဲ့အစီအစဉ် သမ္မတအိုဘားမား ထုတ်ပြန်မည်
အစ္စလာမ္မစ် ISIS ကို ကိုင်တွယ်ဖို့ နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်ရေးအစီအစဉ်တွေနဲ့ပတ်သက်ပြီး ဘယ်လို ဆောင်ရွက်သွားမလဲ ဆိုတာကို လာမယ့် ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ပေးမယ်လို့ အမေရိကန် သမ္မတ အိုဘားမားက ပြောကြားပါတယ်။
လာမယ့် ဗုဒ္ဓဟူးနေ့ ၁၀ ရက်နေ့ဟာ အမေရိကန် ပြည်ထောင်စု ကြုံတွေ့ခဲ့ရတဲ့ ၂၀ဝ၁ ခုနှစ်တုန်းက အကြမ်းဖက် တိုက်ခိုက်ခံရမှု 9/11 ရဲ့ နှစ်ပတ်လည် အကြိုနေ့ ဖြစ်ပါတယ်။
အီရတ်နိုင်ငံထဲကို အမေရိကန်တပ်စေလွတ်ဖို့ မရှိပေမယ့် အစ္စလာမ္မစ် စစ်သွေးကြွတွေကို ကိုင်တွယ်မယ့် အမေရိကန်ရဲ့ အစီအစဉ်နဲ့ပတ်သက်ပြီး အင်္ဂါနေ့မှာ ကွန်ဂရက်လွှတ်တော်ခေါင်းဆောင်တွေ နဲ့ ဆွေးနွေး တိုင်ပင်ပြီး ထုတ်ပြန်ပေးမယ်လို့ သမ္မတ အိုဘားမားက
ပြောပါတယ်။
အစ္စလာမ္မစ်စစ်သွေးကြွတွေကို မြေပြင်မှာ တိုက်ခိုက်နေကြတဲ့ အီရတ်တပ်ဖွဲ့နဲ့ Kurdish တပ်ဖွဲ့တွေကို အမေရိကန်က
လေကြောင်းကနေ ကူညီတိုက်ပေးနေပါတယ်။
ထောက်လှမ်းရေးအချက်အလက်အရ အစ္စလာမ္မစ်စစ်သွေးကြွတွေဟာ အမေရိကန်ကို ခြိမ်းခြောက်နိုင်တဲ့ အနေထားမရှိပေမယ့် စစ်သွေးကြွတွေကို လေကြောင်းကနေ တိုးမြှင့်တိုက်ခိုက်ဖို့
အမေရိကန်ဥပဒေပြု လွှတ်တော်အမတ်တွေက သမ္မတ အိုဘားမားကို တိုက်တွန်းထားကြပါတယ်။


0 မှတ်ချက်များ for "ISIS စစ်သွေးကြွတွေကို ကိုင်တွယ်မယ့် အမေရိကန်ရဲ့အစီအစဉ် သမ္မတအိုဘားမား ထုတ်ပြန်မည်"