ယူကရိန်းအစိုးရနဲ့ ခွဲထွက်ရေးသူပုန် ၂ ဖွဲ့စလုံး စစ်ရာဇဝတ်မှု ကျူးလွန်
တိုက်ပွဲဖြစ်ပွားနေတဲ့ ယူကရိန်းအရှေ့ဘက်ပိုင်းမှာ အစိုးရနဲ့ ခွဲထွက်ရေးသူပုန် နှစ်ဘက်စလုံးတို့က စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေကြတယ်လို့ နိုင်ငံတကာလွတ်ငြိမ်းသာသာခွင့် Amnesty International အဖွဲ့က ပြောဆိုလိုက်ပါတယ်။
ရုရှားအစိုးရ ကူညီထောက်ပံ့ပေးတဲ့
ယူကရိန်း ခွဲထွက်ရေးသူပုန်ဟာ လူတွေကို ပြန်ပေးဆွဲပြီး ညှင်းပန်း နှိပ်စက်
သတ်ဖြတ်မှုတွေ လုပ်နေသလို ယူကရိန်းအစိုးရတပ်ဖွဲ့ကလည်း လူနေထိုင်ရာနေရာတွေကို ဗုံးကြဲ ခဲ့တယ်လို့ Amnesty ထုတ်ပြန်တဲ့ အစီရင်ခံစာက ဆိုပါတယ်။
အပစ်အခတ်ရပ်စဲရေးမတိုင်ခင်ကတည်းက အချက်အလက်တွေကို စုစောင်းထားတဲ့ Amnestyရဲ့ အစီရင်ခံစာက ရုရှားဟာ ယူကရိန်းခွဲထွက်ရေးသမားတွေကို
ထောက်ပံ့ကူညီပေးနေသလို ယူကရိန်းရဲ့နိုင်ငံ ထဲကို စစ်ရေးအရ ဝင်ရောက်စွက်မှု
လုပ်နေပြီး ပဋိပက္ခပိုမိုကြီးထွားအောင် ဖန်တီးနေတယ်လို့ ဆိုပါတယ်။
ယူကရိန်းခွဲထွက်ရေးသူပုန်နဲ့ ယူကရိန်းအစိုးရတပ်ဖွဲ့ကြား နှစ်လနီးအပြန်အလှန်တိုက်ခိုက်ခဲ့ကြတဲ့နောက် ရုရှားအစိုးရနဲ့ ဥရောပလုံခြုံရေးပူပါင်းဆောင်ရွတ်ရေး OSCE အဖွဲ့ အပါအ၀င် ယူကရိန်းအစိုးရနဲ့ ယူကရိန်း ခွဲထွက်ရေးသမားတို့က Belarus နိုင်ငံမှာ တွေ့ဆုံဆွေးနွေးပြီး အပစ်အခတ်ရပ်စဲရေး သဘောတူမှု ရရှိ ခဲ့ကြပါတယ်။
အပစ်အခတ်ရပ်စဲရေးကို ၂ ဖက်လုံး လိုက်နာနေကြတယ်လို့ ရုရှားသမ္မတနဲ့ ယူကရိန်းသမ္မတ တို့က စနေနေ့မှာ အတည်ပြု ပြောကြားခဲ့ပေမယ့် ရုရှားကူညီထောက်ပံ့ပေးနေတဲ့ ယူကရိန်းခွဲထွက်ရေးသူပုန်နဲ့ ယူကရိန်းအစိုးရတပ်ဖွဲ့က တဘက်နဲ့တဘက် ဆက်လက်တိုက်ခိုက်နေကြပါတယ်။
Donetsk မှာရှိတဲ့ လေ့လာသူတွေရဲ့ ပြောကြားချက်အရ အမြောက်နဲ့ပစ်ခတ်နေတာဟာ အပစ်အခတ် ရပ်စဲထားရေး ပျက်ပြယ်သွားစေမယ့်အချက်မတွေ့ရပေမယ့် သဘောတူထားချက်တွေကို ချိုးဖေါက် ရာ ရောက်တယ်လို့ ပြောပါတယ်။


0 မှတ်ချက်များ for "ယူကရိန်းအစိုးရနဲ့ ခွဲထွက်ရေးသူပုန် ၂ ဖွဲ့စလုံး စစ်ရာဇဝတ်မှု ကျူးလွန်"