ယူကရိန်းနဲ့ ရုရှားနယ်စပ်မှာ ပစ်ချခံတဲ့ MH17 လေယာဉ်ရဲ့ BlackBox စစ်ဆေးတွေ့ရှိချက် ပထမဆုံအကြိမ် ထုတ်ပြန်

ယူကရိန်းနဲ့ ရုရှားနယ်စပ် ယူကရိန်းခွဲထွက်ရေးသူပုန် ထိန်းချုပ်နယ်မြေမှာ ပစ်ချခံတဲ့ Boeing 777 အမျိုးအစား MH17 လေယာဉ် ပျက်ကျမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေး တွေ့ရှိမှုများကို နယ်သာလန် လေကြောင်း ကျွမ်းကျင် ပညာရှင်တွေက စက်တင်ဘာ ၉ ရက်နေ့မှာ ပထမဆုံးအကြိမ် ထုတ်ပြန်လိုက်ပါတယ်။

ဇူလိုင်(၁၇)ရက်မှာ ယူကရိန်းနဲ့ ရုရှားနယ်စပ် ယူကရိန်း ခွဲထွက်ရေးသူပုန် ထိန်းချုပ်နယ်မြေမှာ ပျံသန်းစဉ် မလေးရှား MH17 လေယာဉ် ပျက်ကျပြီး လိုက်ပါလာသူ (၂၉၈) ဦးစလုံး သေဆုံးခဲ့ပါတယ်။ လေယာဉ်ပေါ် ပါရှိသူ (၃)ပုံ(၂)ပုံခန့်ဟာ နယ်သာလန် နိုင်ငံသားတွေဖြစ် တဲ့အတွက် စုံစမ်းမှုကဏ္ဍကို နယ်သာလန်က ဦးဆောင်လိုက်တာ ဖြစ်ပါတယ်။

တိုက်ပွဲများကြောင့် လေယာဉ်ပျက်တဲ့ နေရာကို အသေးစိတ် စုံစမ်းနိုင်ဖို့ အဟန့်အတားများနှင့် ကြုံခဲ့ပြီး
ယူကရိန်းခွဲထွက်ရေးသူပုန်တပ်ဆီက လွဲအပ်ပေးတဲ့ လေယာဉ်ရဲ့Black Box မှတ်တမ်းမှ စစ်ဆေးတွေ့ရှိ ချက်တွေကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုနဲ့ လေယာဉ်အမှုထမ်းတို့ရဲ့ အားနည်းချက်ကြောင့် မဟုတ်ဟု ဖော်ပြထားပါတယ်။

လေယာဉ်ရဲ့ကိုယ်ထည်ကို ပြင်ပကနေ စွမ်းအားမြင့်တဲ့ အရာဝတ္ထုနဲ့ထိမှန်ပြီး ကျိုးပဲ့ပျက်စီးပျက်ကျ ခဲ့တာဖြစ်တယ်လို ယင်းအစီရင်ခံစာက ဖော်ပြထားပါတယ်။

မလေးရှားခရီးသည်တင်လေယာဉ်ဟာ ယူကရိန်းစစ်တပ်ပိုင် လေယာဉ်နဲ့မှားယွင်းပြီး ရုရှားအစိုးရထောက်ပံ့ ကူညီပေးနေတဲ့ ယူကရိန်းခွဲထွက်ရေးသူပုန်တွေက ရုရှားလုပ် BUK ဒုန်းကျည်လက်နက်ဖြင့် ပစ်ချ ခံရ တာဖြစ်တယ်လို့ နိုင်ငံတကာစစ်ရေး ကျွမ်းကျင် သူတွေက အခိုင်အမာ ယုံကြည်နေပါတယ်။

ရုရှားနဲ့ ယူကရိန်း ခွဲထွက်ရေး သူပုန်တွေကတော့ လေယာဉ်ကို ဒုံးကျည်ဖြင့် မှားယွင်းပစ်ချခဲ့ကြောင်း စွပ်စွဲမှုများကို အစဉ်တစိုက် ငြင်းဆိုထားပါတယ်။

0 မှတ်ချက်များ for "ယူကရိန်းနဲ့ ရုရှားနယ်စပ်မှာ ပစ်ချခံတဲ့ MH17 လေယာဉ်ရဲ့ BlackBox စစ်ဆေးတွေ့ရှိချက် ပထမဆုံအကြိမ် ထုတ်ပြန်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++