ISIS စစ်သွေးကြွတွေကို ကိုင်တွယ်ချေမှုန်းမယ့်အစီအစဉ် သမ္မတ အိုဘားမား ချပြ
အရှေ့အလယ်ပိုင်းဒေသမှာ လှုပ်ရှားတဲ့ ISIS အစ္စလာမ္မစ် စစ်သွေးကြွတွေကို ကိုင်တွယ်နှမ်နင်းမယ့် အမေရိကန်ရဲ့ အစီအစဉ်ကို ရုပ်မြင်သံကြားကနေ သမ္မတအိုဘားမားက မိန့်ခွန်းပြောကြား ချပြ လိုက်ပါတယ်။
အစွန်းရောက် အစ္စလာမ္မစ် စစ်သွေးကြွ ISIS အုပ်စုဟာ
ကမ္ဘာပေါ်မှာ အကြီးမားဆုံး အန္တရာယ်ဖြစ်တယ်လို့
ပြော ကြားတဲ့ မိန့်ခွန်းမှာ သမ္မတ အိုဘားမား က ပြောကြားပါတယ်။
ISIS စစ်သွေးကြွကို ရင်ဆိုင်တိုက်ပွဲဝင်ဖို့ အမေရိကန်မြေပြင်တပ်ဖွဲ့ စေလွှတ်မှာ မဟုတ်ပေမယ့် မြေပြင်မှာ လိုက်လံချေမှုန်းတိုက်ခိုက်နေတဲ့ မဟာမိတ်တပ်တွေကို ကူညီဖို့ အမေရိကန် စစ်သည်တော် ၄၀၀ကျော်
စေလွှတ်မှာဖြစ်ပြီး လေကြောင်းကနေလည်း တိုးချဲ့ကူညီ တိုက်ခိုက်သွားမယ်လို့ ပြောပါတယ်။
စေလွှတ်မှာဖြစ်ပြီး လေကြောင်းကနေလည်း တိုးချဲ့ကူညီ တိုက်ခိုက်သွားမယ်လို့ ပြောပါတယ်။
အမေရိကန်ကို ခြိမ်းခြောက်ခဲ့တဲ့ အကြမ်းဖက်သမားတွေကို
ချေမှုန်းတဲ့ ဒီမဟာဗျုဟာကို ယီမင်နဲ့ ဆီးရီးယား တို့မှာ အောင်မြင်စွာ
လက်တွေ့ကျင့်သုံးခဲ့ပြီလို့ သမ္မတ အိုဘားမားက ပြောပါတယ်။
ISIS စစ်သွေးကြွကို တိုးချဲ့တိုက်ခိုက်ရေး အစီအစဉ်နဲ့ပတ်သက်ပြီး
သူ့အနေနဲ့ လုပ်ပိုင်ခွင့်အာဏာရှိထားပြီး သားလို့ ဆိုပါတယ်။
လွှတ်တော်ရဲ့ ထောက်ခံမှုကို ရရှိရင်တော့ သူ့အနေနဲ့ ကြိုဆိုမှာ ဖြစ်တယ်လို့
သမ္မတ အိုးဘားမားက ပြောပါတယ်။
ကမ္ဘာတလွှား အကြမ်းဖက်မှု တိုက်ဖျက်ရေးမှာ အမေရိကန်က ကမ္ဘာကို ဦးဆောင်နေပြီး
နိုင်ငံတကာ ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းဖို့ ကြိုးပမ်းနေတယ်လို့လည်း
ပြောသွားပါတယ်။
ဝါရှင်တန်ဒီစီမှာရှိတဲ့ အမေရိကန် မူဆလင်အဖွဲ့အစည်းခေါင်းဆောင်တွေကလည်း အစွန်းရောက် အစ္စလာမ္မစ် ISIS စစ်သွေးကြွရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို
ပြစ်တင်ရှုံ့ချလိုက်ကြပါတယ်။


0 မှတ်ချက်များ for "ISIS စစ်သွေးကြွတွေကို ကိုင်တွယ်ချေမှုန်းမယ့်အစီအစဉ် သမ္မတ အိုဘားမား ချပြ"