နှစ်နိုင်ငံကြား စစ်ရေးတင်းမာမှု ရှောင်ရှားကြဖို့ တရုတ်နဲ့ တွေ့ဆုံစဉ် အမေရိကန် ပြောကြား
အမေရိကန်နဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေး မရှုပ်ထွေးစေဖို့ စစ်ရေးတင်းမာမှုတွေ
ရှောင်ရှား သင့်တယ်လို့ အမေရိကန်အမျိုးသားလုံခြုံရေး အကြံပေး Susan Rice က တရုတ်စစ်ရေးကော်မရှင် ဒုဥက္ကဌနဲ့ တွေ့ဆုံဆွေးနွေးစဉ်မှာ ပြောကြား လိုက် ပါတယ်။
ဘေဂျင်း မြို့တော်ကို ရောက်ရှိလာတဲ့ အမေရိကန် သမ္မတ Barack Obama ရဲ့ အကြီးတန်းအကြံပေး အရာရှိ Susan Rice က တရုတ်စစ်ရေးကော်မရှင် ဒုဥက္ကဌလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီး
Fan Shanglong နဲ့ တွေ့ဆုံစဉ်မှာ ခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံကြား
တင်းမာမှုတွေ လျှော့ချနိုင်ဖို့ စစ်ရေးပူးပေါင်းဆောင် ရွက်မှုတွေ
မြှင့်တင် သွားဖို့ လိုတယ်လို့ Susan Rice ပြောပြီး တရုတ်ဘက်က စစ်ကော်မရှင်
ဒုဥက္ကဌ Fan Shanglong ကလည်း အမေရိကန်အနေနဲ့ စစ်ရေးထောက်လှမ်းမှုတွေကို
အဆုံးသတ်ပေးသင့်တယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံတောင်ပိုင်း ကမ်းလွန်မှာ ပျံသန်းနေတဲ့ အမေရိကန်ထောက်လှမ်းရေး လေယာဉ်အနီးကို တရုတ် လေယာဉ်တစင်းက ပူးကပ်ပျံသန်းမှု
လွန်ခဲ့တဲ့ သီတင်းပတ် အနည်းငယ်က ဖြစ်ပွားခဲ့ပါတယ်။
ဒါပေမဲ့ တရုတ်က သူ့
ဂျက်လေယာဉ်အနေနဲ့ လုံခြုံတဲ့ အကွာအဝေးတွင်းမှာ ပျံနေခဲ့တာပဲ ဖြစ်တယ်လို့
ဆိုပြီ ဒီပြဿနာဖြစ်ရတာက အမေရိကန်လေယာဉ်အနေနဲ့
တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်းနားက
နိုင်ငံတကာပိုင်
လေကြောင်းထဲကို ရောက်နေတာကြောင့်သာ ဖြစ်တယ်လို့ ပြန်စွပ်စွဲလိုက်ပါတယ်။


0 မှတ်ချက်များ for "နှစ်နိုင်ငံကြား စစ်ရေးတင်းမာမှု ရှောင်ရှားကြဖို့ တရုတ်နဲ့ တွေ့ဆုံစဉ် အမေရိကန် ပြောကြား"