အာဏာသိမ်းထိုင်းစစ်တပ် လူ့အခွင့်အရေး ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက်

ထိုင်းနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ Amnesty International က စွပ်စွဲ လိုက်ပါတယ်။

ထိုင်းစစ်တပ်ရဲ့အမိန့်ပေးဖမ်းဆီးမှုတွေနဲ့ ပတ်သက် တဲ့ အသေးစိတ်အချက်အလက်တွေကို Amnestyက
ဖော်ပြလိုက်ပြီး ခိုင်လုံတဲ့အထောက်အထားတွေ လည်း ရရှိတယ်လို့ Amnesty က ဆိုပါတယ်။

ထိုင်းလူ့အခွင့်အရေး ရှေ့နေများအဖွဲ့ကလည်း မေလ ၂၂ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်က လူပေါင်း ၁၄ ယောက်ကို လက်နက်မှုနဲ့ စွပ်စွဲ နှိပ်စက် ညှဉ်းပန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းစစ်တပ်ကတော့ ဆောင်ရွက်ခဲ့သမျှတွေဟာ လုံခြုံရေးအရ လုပ်ဆောင်ရတာလို့  ပြောပါတယ်။

Amnesty အဖွဲ့ကတော့ လုံခြုံရေးကို အကြောင်းပြပြီး ဖိနှိပ်မှုတွေကို ဆောင်ရွက်တာဟာ လျော်ကန်မှု မရှိဘူးလို့ ပြောပါတယ်။__ဘီဘီစီ


0 မှတ်ချက်များ for "အာဏာသိမ်းထိုင်းစစ်တပ် လူ့အခွင့်အရေး ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက် "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++