အမေရိကန်နိုင်ငံသား ထပ်မံခေါင်းဖြတ်သတ်တဲ့ ဗွီဒီယိုဖိုင်တခုကို ISIS အဖွဲ့ထုတ်ပြန်
အစွန်းရောက် အစ္စလာမ္မစ် စစ်သွေးကြွ ISIS အဖွဲ့က နောက်ထပ် အမေရိကန်သတင်းထောက် တစ်ဦး ရဲ့ ခေါင်းဖြတ်သတ်တဲ့ ဗွီဒီယိုကို ထုတ်ပြန်ပြီး အမေရိကန်နဲ့ ဗြိတိန်တို့ကို စိန်ခ်ါလိုက်ပါတယ်။
အမေရိကန်က အီရတ်မှာ ရှိနေတဲ့ Islamic State အဖွဲ့ဝင်တွေကို လေကြောင်းနဲ့တိုက်ခိုက်မှုအပေါ် တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နိုင်ငံသား သတင်းထောက် Steven Sotloff ကို သတ်ဖြတ်တာလို့ အစွန်းရောက် အစ္စလာမ္မစ် စစ်သွေးကြွ တစ်ယောက်က ၎င်းတို့ ထုတ်ပြန်တဲ့ ဗွီဒီထဲကနေ ပြောပါတယ်။
ခင်ဗျားရဲ့ Missile လက်နက်တွေနဲ့ ကျုပ်တို့ရဲ့လူတွေအပေါ် ဆက်ပြီး တိုက်နေမယ်ဆိုရင် ကျုပ်တို့ရဲ့ ဓားနဲ့ ခင်ဗျားတို့လူတွေရဲ့ လည်တွေကို ဆက်လှီးသွားမှာ ဖြစ်တယ်လို့ မျက်နှာကို အမဲရောင်အဝတ်နဲ့ စွပ်ထားတဲ့ အစ္စလမ္မစ် စစ်သွေးကြွ လူသတ်သမားက ဗြိတိန်သျှ အင်္ဂလိပ် လေရူလေသိမ်းနဲ့ ဗွီဒီယိုထဲကနေ သမ္မတ Barack Obama ကို ပြောပါတယ်။
ဖမ်းဆီးထားတဲ့ ဗြိတိန်ဓားစာခံ David Cawthorne Haines ကိုလည်း သတ်ပစ်မယ်လို့ ပြောထားပါတယ်။
သတင်းထောက် Sotloff ကို သတ်ဖြတ်သူတွေဟာ ရွံမုန်းစရာ၊ စက်ဆုပ်စရာ ကောင်းတယ်လို့ ဗြိတိန် ဝန်ကြီးချုပ် David Cameron က ပြောပါတယ်။
အဲဒီဗွီဒီယိုရဲ့ စစ်မှန်မှုကို စစ်ဆေးနေပြီး တကယ်သာဖြစ်ခဲ့မယ် ဆိုရင် အော်ဂလီဆန်စရာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Jen Psaki က ပြောကြားပါတယ်။
ပြီးခဲ့တဲ့လမှာလည်း အမေရိကန် သတင်းထောက် James Foley ရဲ့ ခေါင်းဖြတ်သတ်ခဲ့တဲ့ ဗွီဒီယိုကို အစ္စလာမ္မစ် စစ်သွေးကြွ ISIS က Online မှာ တင်ခဲ့ပါတယ်။
အီရတ်မြောက်ပိုင်းနှင့် ဆီးရီးယားရှိ နယ်မြေများကို သိမ်းပိုက်ထားပြီး အစ္စလာမ္မစ် နိုင်ငံတော်အဖြစ် ထူထောင်တယ်လို့ ကြေညာတဲ့ အစ္စလာမ္မစ် စစ်သွေးကြွ ISIS အဖွဲ့ရဲ့ စစ်ကြောင်းနဲ့ ဆူလီမန်ဘက်ဂ်မှာ အခြေစိုက်စခန်းတခုကို အီရတ်နှင့် ကာဒစ်ရှ် ပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက် လိုက်ပါတယ်။


0 မှတ်ချက်များ for "အမေရိကန်နိုင်ငံသား ထပ်မံခေါင်းဖြတ်သတ်တဲ့ ဗွီဒီယိုဖိုင်တခုကို ISIS အဖွဲ့ထုတ်ပြန်"