ISIS ချေမှုန်းရေး အမေရိကန်တို့နဲ့ ပူးပေါင်းဖို့ အီရန်ဘာသာရေးခေါင်းဆောင် ညွှန်ကြား

အီရတ်နိုင်ငံမြောက်ပိုင်းက ISIS စစ်သွေးကြွတွေ ကို ချေမှုန်းတိုက်ခိုက်တဲ့ အမေရိကန်၊ အီရတ်၊ ကာ့ဒ် တပ်ဖွဲ့တို့နဲ့ ပူးပေါင်းဖို့အီရန်တော်လှန်ရေးတပ်ဖွဲ့  Revolutionary Guard ကို အီရန်ဘာသာရေး
ခေါင်းဆောင်က ညွှန်ကြား လိုက်ပါတယ်။

အီရန်ဘာသာရေးခေါင်းဆောင် Ayatollah Khamenei ဟာ အီရန်နိုင်ငံမှာ သြဇာကြီးမားဆုံး သူဖြစ်ပြီး အီရတ်မှာ အမေရိကန်ရဲ့ စွက်ဖက်မှုကို ဆန့်ကျင်ခဲ့သူဖြစ်ပေမဲ့ အစွန်းရောက် အစ္စလာမ္မစ်တွေကို မိစ္ဆာဒိဌိတွေလို့သတ်မှတ်ပြီး ISIS စစ်သွေးကြွ အဖွဲ့ကိုလည်း အကြမ်းဖက်သမားအဖွဲ့ဟု ယူဆတဲ့ သူဖြစ်ပါတယ်။

အစွန်ရောက် အစ္စလာမ္မစ် ISIS အဖွဲ့ကို ချေမှုန်းနိုင်ရေးမှာ အမေရိကန်တို့နဲ့ ပူးပေါင်းကြဖို့ Ayatollah က အီရန်တော်လှန်ရေးတပ်ဖွဲ့ ညွှန်ကြားထားတယ်လို့ ဘီဘီစီ ပါရှန်းပိုင်း က ရေးသားဖော်ပြ ပါတယ်။

အစွန်းရောက် အစ္စလာမ္မစ် ISIS စစ်သွေးကြွအဖွဲ့ဟာ တိုက်ခိုက် သိမ်းပိုက်ထားတဲ့ အီရတ်နဲ့ ဆီးရီးယားက နယ်မြေတွေနဲ့  အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်တယ်လို့ကြေညာပြီး ၎င်းနိုင်ငံတော်ထဲက အစ္စလာမ် အမျိုး သမီးနဲ့ ကလေးငယ်တွေရဲ့ လိင်အင်္ဂါကို ဖြတ်ထောက်ပါတယ်။ အစ္စလာမ်ဘာသာကို လက်မခံတဲ့ ဘာသာခြားနဲ့ လူမျိုးစုငယ်တွေကို အကြမ်းဖက်လိုက်လံသတ်ဖြတ်ခံရပါတယ်။ အမေရိကန်နိုင်ငံသား နှစ်ဦး ကိုလည်း လည်လှီးသတ်ဖြတ်ခဲ့ပါတယ်။

အစ္စလာမ္မစ် ISIS စစ်သွေးကြွအဖွဲ့ကြောင့် အီရတ်နံ့ ဆီးရီးယားက ခရစ်ယာန်ဘာသာဝင်တွေနဲ့ လူမျိုး နည်းစုတွေဟာ အများအပြားသေဆုံးရပြီး သန်းချီ  အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

အစ္စလာမ္မစ် ISIS စစ်သွေးကြွအဖွဲ့ကို ခုခံတိုက်ခိုက်ချေမှုန်းဖို့ အီရတ်အစိုးရနဲ့၊ ကာ့ဒ်တပ်ဖွဲ့တို့ကို အမေရိကန်က ကူညီနေပါတယ်။ အစ္စလာမ္မစ် ISIS စစ်သွေးကြွအဖွဲ့ရဲ့ အန္တရာယ်ကို တကမ္ဘာလုံးက စိုးရိမ်နေပါတယ်။

0 မှတ်ချက်များ for "ISIS ချေမှုန်းရေး အမေရိကန်တို့နဲ့ ပူးပေါင်းဖို့ အီရန်ဘာသာရေးခေါင်းဆောင် ညွှန်ကြား"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++