မြန်မာစစ်တပ်ရဲ့ မုဒိန်းကျင့်ခံရတဲ့ တိုင်းရင်းသူ အမျိုးသမီးငယ် ၁၀၄ ကျော်ရှိ
မြန်မာအမျိုးသမီးငယ်များ အဓမ္မပြုကျင့်ခံရမှုမှာ တိုင်းရင်းသား
ဒေသက အများဆုံးဖြစ်ပြီး ကျူးလွန်သူတွေ က မြန်မာအစိုးရ တပ်သား အများဆုံးဖြစ်တယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB နဲ့ အမျိုးသမီးနှင့်ကလေးအခွင့်ရေး WCRP တို့က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
ဒေသက အများဆုံးဖြစ်ပြီး ကျူးလွန်သူတွေ က မြန်မာအစိုးရ တပ်သား အများဆုံးဖြစ်တယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB နဲ့ အမျိုးသမီးနှင့်ကလေးအခွင့်ရေး WCRP တို့က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
၂၀၁၁ -၂၀၁၃
ခုနှစ်အထိ ကချင်၊ ကရင်၊ ရှမ်း ပြည်နယ် တို့မှာ
မြန်မာအစိုးရတပ်ဖွဲ့ရဲ့ မုဒိန်းကျင့်မှု ခံရတဲ့ အမျိုးသမီး ၁၀၄
ဦးရှိတယ်လို့ WLB) တွဲဖက်အတွင်းရေးမှူး-၂ မဂျုလီယာ မာရစ်က ပြောပါတယ်။
တချို့ဒေသမှာ စစ်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် အချက်အလက် စုဆောင်းမှုအတွက် အခက်ခဲရှိပြီး ဒီထက် ပိုများနိုင်တယ်လို့လည်း ဆိုပါတယ်။
မြန်မာပြည်တောင်ပိုင်းမှာ အမျိုးသမီးနှင့်ကလေးအခွင့်အရေး WCRP တာဝန်ခံ မိထောချမ်းကလည်း ၂၀၁၃ –၂၀၁၄ ခုနှစ်အတွင်း တနင်္သာရီတိုင်း ရေဖြူမြို့နယ်မှာ
အမျိုးသမီးအဓမ္မပြုကျင့်မှု ၈ ခု တွေ့ရှိပြီး လူမှုရေး အခြေအနေနှင့်
ခြိမ်းခြောက်မှုတွေကြောင့် မထုတ်ဖော်မတိုင်ကြားရဲကြတဲ့ အမျိုးသမီးတွေလည်း အများ အပြားရှိနိုင်သေးတယ်လို့ ဆိုပါတယ်။
ကမ္ဘာတဝှမ်းမှာ
အမျိုးသမီးငယ် သန်း ၁၂၀ အဓမ္မပြုကျင့်ခံနေရပြီး တရားဥပဒေအရ အမျိုးသမီးများကို လုံခြုံမှုမပေးနိုင်ကြတဲ့
နိုင်ငံတွေမှာ အမျိုးသမီးငယ်များ အဓမ္မပြုကျင့်ခံရမှု တစ်နှစ်ထက်တစ်နှစ် ပိုများ လာနေတယ်လို့ UNICEF အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။


0 မှတ်ချက်များ for "မြန်မာစစ်တပ်ရဲ့ မုဒိန်းကျင့်ခံရတဲ့ တိုင်းရင်းသူ အမျိုးသမီးငယ် ၁၀၄ ကျော်ရှိ"