ကောင်းစွာ ဝေဖန် ပိုင်းခြားနိုင်စွမ်းပညာ

တစ်ခါတုန်းက လမ်းဘေးမှာ အသားညှပ်ပေါင် မုန့်တွေ ရောင်းချနေတဲ့ လူတစ်ဦးရှိခဲ့တယ်။

သူဟာ စာမတတ်တဲ့အတွက်ကြောင့် ဘယ်တုန်း ကမှ သတင်းစာ မဖတ်ခဲ့ပါဘူး။
သူဟာ နားထိုင်းတဲ့အတွက်ကြောင့် ရေဒီယိုလည်း နားထောင်ခြင်းမရှိခဲ့ပါဘူး။
သူဟာ မျက်စိမှုန်တဲ့အတွက်ကြောင့် ရုပ်မြင်သံကြားလည်း ကြည့်ရူ့ခဲ့ခြင်း မရှိပါဘူး။
ဒါပေမယ့် သူဟာ အသားညှပ်ပေါင်မုန့်တွေကို စိတ်အားထက်သန်စွာ ရောင်းချခဲ့တယ်။

သူ့ရဲ့ ရောင်းအားနဲ့ အကျိုးအမြတ်ဟာ မြင့်တက်လာခဲ့တယ်။ သူဟာ အသားတွေပိုမှာရင်း ပိုကြီးပြီး ပိုကောင်းတဲ့ မီးဖိုတစ်ခုကိုလည်း ဝယ်ယူခဲ့ပါတယ်။
သူ့ရဲ့စီးပွားရေး တိုးတက်လာနေစဉ် မကြာသေးမီက ဘွဲ့ရခဲ့တဲ့ သူ့သားဟာ ဖခင်ဖြစ်သူထံ လာရောက်ပူးပေါင်းပါတယ်။

အဲဒီနောက် ထူးခြားမှုတစ်ခု ဖြစ်ပွားခဲ့တယ်။ သားဖြစ်သူက မေးလိုက်ပါတယ်။ “ဖေဖေ…ကျွန်တော်တို့ တွေ့ကြုံလာရမယ့် စီးပွားရေးကျဆင်းမှုကို သတိမပြုမိဘူး မဟုတ်လား”ဖခင်ဖြစ်သူက ပြန်ပြောလိုက်ပါတယ်။
“သတိမပြုမိဘူး။ ဖေဖေကို ပြောပြပါလားကွ။”
သားဖြစ်သူက ပြောပြပါတယ်။ “နိုင်ငံတကာ အခြေအနေတွေဟာ ဆိုးရွားနေပါတယ်။ ပြည်တွင်း အခြေအနေက ပိုပြီးတောင် ဆိုးသေးတယ်။ ကျရောက်လာမယ့် အခက်အခဲတွေအတွက် ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ထားသင့်တယ်။”

သူ့သားဟာ ကောလိပ်တစ်ခုမှ ဘွဲ့ရလာခဲ့သည့်အပြင် သတင်းစာလည်းဖတ်၊ ရေဒီယိုလည်း နားထောင်တဲ့အတွက်ကြောင့် အများကြီး သိလိမ့်မယ်။
သားရဲ့အကြံပေးမှုကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ဘူးလို့ ဖခင်ဖြစ်သူက တွေးလိုက်မိပါတယ်။

ဒါကြောင့် နောက်တစ်နေ့မှာ ဖခင်ဖြစ်သူဟာ အသားတွေနဲ့ပေါင်မုန့်မှာယူမှု လျှော့ချလိုက်ပြီး ဆိုင်းဘုတ်တစ်ခုလည်း ချိတ်ထားလိုက်တယ်။

 ပြီးတော့ သူဟာ အလုပ်မှာလည်း စိတ်အားထက်သန်မှု မရှိတော့ပါဘူး။
မကြာမီ သူ့ရဲ့အသားညှပ်ပေါင်မုန့်ဆိုင်မှာ လာဝယ်တဲ့လူတွေ နည်းနည်းလာတော့တယ်။
 ပြီးတော့ ရောင်းချရမှုလည်း အလျင်အမြန် လျော့ကျလာခဲ့တယ်။

ဖခင်က သားဖြစ်သူကို ပြောလိုက်ပါတယ်။

“သားရေ…သားပြောတာ မှန်သားပဲ။
 ဖေဖေတို့ ရောင်းအားကျနေပြီ။
ကြိုတင်ပြီး သတိပေးခဲ့တဲ့အတွက် သားကို ကျေးဇူးတင်ပါတယ်။”

ပုံပြင်ရဲ့ သင်ခန်းစာ
 (၁) ကျွန်တော်တို့ဟာ အကြိမ်ပေါင်းများစွာပင် ကောင်းကောင်းမွန်မွန် အကဲဖြတ်နိုင်၊ ဥာဏ်မသုံးနိုင်ဘဲ တွေဝေနေတတ်ကြတယ်။

(၂) လူတစ်ယောက်ဟာ အသိဥာဏ် မြင့်မားနိုင်ပေမယ့် ညံ့ဖျင်းတဲ့ အကဲဖြတ်မှု ပြုလုပ်မိတတ်ပါတယ်။

(၃) သင့်ရဲ့ အကြံပေးသူတွေကို ဂရုတစိုက်ရွေးချယ်ပြီး ကိုယ်တိုင် ချင့်ချိန် အကဲဖြတ်လိုက်ပါ။

(၄) လူတစ်ယောက်မှာ (5 Cs )ရှိမယ်ဆိုရင် ပညာတတ်သည့်ဖြစ်စေ၊ ပညာမတတ်သည့်ဖြစ်စေ အောင်မြင်နိုင်ပါတယ်။
ဒါတွေကတော့ (Character) အရည်အချင်း၊ (Commitment) တာဝန်ယူခြင်း၊ (Conviction) ခိုင်မာတဲ့ ခံယူချက်၊ (Courtesy )စိတ်စေတနာနဲ့ (Courage) ရဲရင့်ခြင်းတို့ပါပဲ။

(၅) ဝမ်းနည်းဖွယ်ကောင်းတာကတော့ ကျရှုံးမှု တွေ့ကြုံနေရတဲ့လူတွေအတွက် လက်ကိုင်တောင်ဝှေးအဖြစ် အသုံးပြုနိုင်တဲ့ စွယ်စုံကျမ်းတွေ အများကြီးရှိနေတယ်ဆိုတာ မသိရှိခြင်းပါပဲ။

 credit-original writer

0 မှတ်ချက်များ for "ကောင်းစွာ ဝေဖန် ပိုင်းခြားနိုင်စွမ်းပညာ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++