ကယန်းဒေသ ဆီးဘူး-တိကျိတ် ကားလမ်းကို (၁၀)မိုင်အတွင်း ကတ္တရာလမ်းအဖြစ် ဖောက်လုပ်မည်

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်ထဲက ဆီးဘူး-သိကျိတ် ကားလမ်းကို မွမ်းမံပြင်ဆင်ဖို့နဲ့ ကတ္တရာ လမ်းအဖြစ် တိုးမြှင့်ဖောက်လုပ်ဖို့ နတလက ဘတ်ဂျက်ချပေးပြီး ဦးပေါလူချမ်းရဲ့ ဇေညီနောင်ကုမ္မဏီကနေ စတင် အကောင်အထည်ဖော်နေပါတယ်။

ဒေသခံတွေအတွက် စီးပွားရေးနှင့် လူမှုဖူလုံရေး လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာရန် ပို့ဆောင်ရေးကဏ္ဍမှာ အထူးအရေးပါတဲ့ ဆီးဘူး-တိကျိတ်ကြား ၁၂ မိုင်ကွာဝေးတဲ့ ကားလမ်းကို ၁၀ မိုင်လောက် ကတ္တရာလမ်း အဖြစ် ဇေညီနောင်ကုမ္မဏီက ကန်ထရိုက်ဆွဲ ဖောက်လုပ်သွားမယ်လို့ လမ်းဖောက်လုပ်ရေး ကြီးကြပ်ရေး မှူး ခူးလွီးဇီက ပြောပါတယ်။

မိုးတွင်းမှာသွားလာလို့မရအောင် လမ်းတွေဆိုးဆိုးဝါးဝါး ပျက်စီးနေတဲ့ ဆီးဘူး-ပြင်ဆောင်- အထက်ဖူးလော -အောက်ဖူးလော-ရေကန်ဖူးလော- မောင်တိုးရွာသစ်- တိကျိတ် ကားလမ်းကို လက်ရှိမှာ ဘက်ဖိုးတစီးနဲ့ စတင်ဆောင်ရွက်နေပြီး ပြင်ဆောင်အထိ ရောက်ရှိပြီးလို့ ခူးလွီးဇီက ပြောပါတယ်။

စီမံကိန်းကို ၆ လအတွင်း ၂၀၁၅ မတ်လမှာ အပြီးဆောက်လုပ်မယ်လို့ သိရပါတယ်။

လမ်းခင်းဖို့အတွက် ကျေက်ထုတ်ဖို့ ကျောက်တွေကို ထုကျေဖို့နှင့် သယ်ယူဖို့ စက်ယန္တယားများ လုံလောက်မှု မရှိတာကြောင့် အခက်ခဲရှိတယ်လို့ ကျောက်ထုပ်လုပ်ရေးအဖွဲ့က ပြောပါတယ်။

လမ်းပန်းဆက်သွယ်ရေး အတော်လေး အခက်ခဲတဲ့ ကျနော်တို့ဒေသမှာ အခုလို ကတ္တရာလမ်း ဖောက် လုပ်ပေးတာဟာ ကြိုဆိုတယ်လို့ ဒေသခံတွေက ၀မ်းသာအားရစွာ ပြောကြားပါတယ်။

0 မှတ်ချက်များ for "ကယန်းဒေသ ဆီးဘူး-တိကျိတ် ကားလမ်းကို (၁၀)မိုင်အတွင်း ကတ္တရာလမ်းအဖြစ် ဖောက်လုပ်မည်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++