ဝန်ကြီးချုပ်ဖြစ်လာတဲ့ ထိုင်းအာဏာသိမ်း စစ်တပ်ခေါင်းဆောင် မြန်မာနိုင်ငံကို အလည်လာမည်
ထိုင်းနိုင်ငံမှာ အာဏာသိမ်းပြီး ဝန်ကြီးချုပ်ဖြစ်လာတဲ့ Prayut Chan-O-Cha က သူရဲ့ပထမဆုံးပြည်ပခရီး စဉ်အဖြစ် မြန်မာနိုင်ငံကို လာရောက်လည်ပတ်ဖို့ စီစဉ်နေပါတယ်။
ခရီးစဉ်ကို စက်တင်ဘာ လကုန် ဒါမဟုတ် အောက် တိုဘာ လဆန်းမှာ ဖြစ်ပြီး မြန်မာနိုင်ငံကို ပထမဆုံး သွားရောက်လည်ပတ်မယ်လို့ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Don Pramudwinai က စက်တင်ဘာ (၁၂)ရက်မှာ AFP ကို အတည်ပြု ပြောကြားပါတယ်။
ပထမဆုံးပြည်ပခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ရွေးချယ်တာဟာ လက်ရှိမှာ မြန်မာနိုင်ငံက အာဆီယံရဲ့ ဥက္ကဌ တာဝန်ယူထားတာကြောင့်ဖြစ်တယ်လို့ မစ္စတာ Don က ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းတဲ့ ထိုင်းစစ်အစိုးရကို အရပ်သားအစိုးရထံ အာဏာပြန်လွှဲပေးဖို့ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့အပါအ၀င် နိုင်ငံတကာတွေက
တောင်းဆိုနေကြပါတယ်။
ထိုင်းစစ်အစိုးရကတော့ ၂၀၁၅
အောက်တိုဘာလ မတိုင်မီအထိ ရွေးကောက်ပွဲကျင်းပပေးဖို့ အစီအစဉ် မရှိသေးဘူးလို့ ကြေညာထားပါတယ်။
နိုင်ငံတကာဖိအားပေးမှုခံနေရတဲ့ ထိုင်းစစ်အစိုးရဟာ ဒေသတွင်းနိုင်ငံများနဲ့ဆက်ဆံရေး ပိုမိုခိုင်မာဖို့ ပြည်ပ ခရီးစဉ်ကို စီစဉ်လိုက်တာဖြစ်ပြီး မြန်မာနိုင်ငံအပြီး မလေးရှားကိုလည်း သွားရောက် လည်ပတ်ဖွယ် ရှိနေ ပါတယ်။


0 မှတ်ချက်များ for "ဝန်ကြီးချုပ်ဖြစ်လာတဲ့ ထိုင်းအာဏာသိမ်း စစ်တပ်ခေါင်းဆောင် မြန်မာနိုင်ငံကို အလည်လာမည်"