ဗြိတိန်နိုင်ငံနဲ့ စကော့တလန် တွဲရေးခွဲရေး လူထုစစ်တမ်းရလာဒ် တွဲရေးဖက်က မဲအသာရ

ဗြိတိန်နိုင်ငံကနေ ခွဲထွက်ပြီး သီးခြားလွတ်လပ်တဲ့
နိုင်ငံအဖြစ် ရပ်တည်ဖို့ စကော့တလန် ပြည်လုံး ကျွတ် ဆန္ဒခံယူပွဲကို ကျင်းပတော့မယ့် ရက်ပိုင်း အလိုမှာ ဗြိတိန် သတင်းစာကြီးတွေရဲ့ လူထု စစ်တမ်းကောက်ယူ ချက်အရ တွဲရေးဖက်က မဲသာနေတယ်လို့ စက်တင်ဘာ ၁၂ ရက်နေ့ထုတ် The Times သတင်းစာ ဖော်ပြပါတယ်။ 

The Times သတင်းစာရဲ့ လူထုစစ်တမ်းမှာ တွဲရေးဖက်က ၅၂ ရာခိုင်နှုန်း ၊ ခွဲရေးဖက် ၄၈ ရာခိုင်နှုန်း ရရှိပြီး Guardian သတင်းစာကြီးရဲ့ ICM စစ်တမ်းမှာလည်း တွဲရေးဖက်က ၅၁ ရာခိုင်နှုန်းနဲ့ ခွဲရေးဖက်က ၄၉ ရာခိုင်နှုန်း ရရှိတယ်လို့ ဆိုပါတယ်။

Liberal အတွေးအမြင်ရှိတဲ့  စကော့တလန်တွေကတော့ သူတို့ကို ရှေးရိုးစွဲဝါဒီ Conservative အစိုးရ အုပ်ချုပ် မှုအောက်ကနေ သီးခြားတဲ့ စကော့တလန်နိုင်ငံမှာ နေထိုင်ချင်တယ်လို့ ဆိုကြပါတယ်။ ခိုင်မာတဲ့ UK ကနေ ခွဲထွက်မယ်ဆိုရင် စီးပွားရေး၊ လုံခြုံရေး လျော့နည်းသွားလိမ့်မယ်လို့ UK နိုင်ငံထဲမှာ ဆက်လက် ရှိနေချင် သူတွေက ပြောနေကြပါတယ်။
 
ခွဲထွက်ရေးဘက်မှာ ဦးဆောင်တဲ့ စကော့တလန် ၀န်ကြီး အလက်စ်ဆဲမွန်ကို စကောတလန်အမျိုးသမီး အများအပြားက ထောက်ခံခဲ့ပါတယ်။

UK နိုင်ငံထဲကနေ ခွဲမထွက်ဖို့ သူ့အသဲကို မခွဲဖို့ UK ဝန်ကြီးချုပ် David Cameron က စကော့လူမျိုးတွေ ကို တောင်းပန်ပြီး ဆန္ဒခံယူပွဲမှာလည်း UK နိုင်ငံထဲမှာ ဆက်ရှိနေရေးဘက်က မဲထည့်ကြဖို့ တိုက်တွန်း ထားပါတယ်။

0 မှတ်ချက်များ for "ဗြိတိန်နိုင်ငံနဲ့ စကော့တလန် တွဲရေးခွဲရေး လူထုစစ်တမ်းရလာဒ် တွဲရေးဖက်က မဲအသာရ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++