ဗြိတိန်နိုင်ငံသားကို လည်လှီးသတ်တဲ့ ဗွီဒီယိုဖိုင် ISIS စစ်သွေးကြွ ထုတ်ပြန်
နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့မှာ တာဝန် ထမ်းဆောင်တဲ့ ဗြိတိန်နိုင်ငံသား David Haines လည်လှီး သတ်ဖြတ်တဲ့ ဗွီဒီယိုဖိုင်တခုကို အစွန်းရောက် အစ္စလာမ္မစ် ISIS စစ်သွေးကြွအဖွဲ့ ထုတ်ပြန်လိုက်ပါတယ်။
ဗွီဒီယိုဖိုင်ထဲမှာ မျက်နှာဖုံးစွပ်ထားတဲ့ အစ္စလာမ္မစ် စစ်သွေးကြွ ခေါင်းဖြတ်သမားက ISIS ချေမှုန်းရေး အမေရိကန် ဦးဆောင်ညွန့်ပေါင်း အဖွဲ့ထဲမှာ ဗြိတိန် အစိုးရ ပါဝင်နေတဲ့အတွက် David Haines ကို လည်လှီးသတ်မှုခံရတာဖြစ်တယ်လို့ ဆိုပြီ ၀န်ကြီးချုပ် David
Cameron ကိုလည်း ပြစ်တင်ပြောကြားသွားပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် David
Cameron က ဒီလုပ်ရပ်ဟာ အင်မတန် ယုတ်မာရက်စက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဆိုပြီး Twitter လူမှုကွန်ယက်ကတဆင့် ပြောကြားပြီး မိသားစုနဲ့ထပ်တူ ၀မ်းနည်းတယ်လို့ ပြောပါတယ်။
ဗြိတိတိန်အစိုးရရဲ့
လုပ်ပိုင်ခွင့်အာဏာရှိသလောက် လူသတ်သမားတွေကို တွေ့တဲ့အထိ လိုက်လံရှာဖွေပြီး တရားဥပဒေနဲ့အညီ အပြစ်ပေးဆောင်ရွက်သွားမယ်လို့ David
Cameron က
ပြောပါတယ်။
မစ္စတာ David Haines ဟာ ကလေးနှစ်ယောက်ဖခင်ဖြစ်ပြီး ဆီးရီးယားနိုင်ငံမှာ နိုင်ငံတကာကယ်ဆယ်ရေး အဖွဲ့ရဲ့ တာဝန်ထမ်းရွက်စဉ် ၂၀၁၃ မတ်လမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
David Haines နဲ့ဆက်သွယ်ဖို့ မိသားစုက အသနားခံချက် ထုတ်ပြန်ပြီး မကြာခင်မှာပဲ အမေရိကန်ရဲ့
မဟာမိတ်များအတွက် သတင်းစကားပါလို့ ခေါင်းစဉ်နဲ့ David Haines ကို
လည်လှီးသတ်တဲ့ ဗွီဒီယိုဖိုင်ကို အစ္စလာမ္မစ် ISIS စစ်သွေးကြွက ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံသား သတင်းထောက် Jim Foley နဲ့ Steven Sotloff တို့ ၂
ဦးကို လည်လှီးသတ်ဖြတ် ခဲ့တဲ့နောက် ဗြိတိန်နိုင်ငံသား David Haines ခေါင်းဖြတ်သတ်ခြင်း
ဖြစ်ပါတယ်။


0 မှတ်ချက်များ for " ဗြိတိန်နိုင်ငံသားကို လည်လှီးသတ်တဲ့ ဗွီဒီယိုဖိုင် ISIS စစ်သွေးကြွ ထုတ်ပြန်"