ကျူးကျော်ပျံသန်းလာတဲ့ ဆီးရီးယားမောင်း သူမဲ့ လေယာဉ်ကို အစ္စရေးပစ်ချ

အစ္စရေး ဝေဟင်ပိုင်နက်ထဲ  ကျူးကျော်ဝင်ရောက် ပျံသန်းလာတဲ့ ဆီးရီးယားရဲ့ မောင်းသူမဲ့ လေယာဉ် တစီးကို အစ္စရေးစစ်တပ်က ပစ်ချလိုက်ပါတယ်။

ဆီးရီးယားရဲ့ မောင်းသူမဲ့လေယာဉ်ဟာ ဩဂုတ် (၃၁)ရက်နေ့မှာ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့များ စောင့်ကြပ်နေသော ဒေသ ကို ကျော်ဖြတ်ပြီး အစ္စရေးရဲ့အချက်အခြာ ကျတဲ့ ဝေဟင်ပိုင်နက်ထဲ ကျူးကျော် ပျံသန်းခဲ့တာကြောင့် ကြားဖြတ် ပစ်ချလိုက်တယ်လို့ အစ္စရေး လေကြောင်းကာကွယ်ရေး တပ်ဖွဲ့က ပြောပါတယ်။ 

အစ္စရေးရဲ့ အချုပ်အခြာအာဏာနဲ့ ပိုင်နက်တွေကို ထိပါးလာတဲ့ ဘယ်လိုကျူးကျော်မှုကိုမဆို လက်တုံ့ပြန်သွား အုံးမယ်လို့ ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က ဆီးရီးယားဘက်မှ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်အချို့ အစ္စရေးပိုင်နက်ဘက် ကျရောက် ပေါက်ကွဲခဲ့ပါတယ်။

ဆီးရီးယားအစိုးရတပ်ဖွဲ့နဲ့ သူပုန်တပ်ဖွဲ့ကြား ပဋိပက္ခဟာ ဂိုလန်ကုန်းမြင့် ဒေသအနီးထိ ကူးစက်လာနေတဲ့ အတွက်  အစ္စရေးက ဂိုလန်ကုန်းမြင့်ဒေသနဲ့ နယ်နိမိတ် ထိစပ်နေတဲ့ ကူနက်ထရာ နယ်ခြားဖြတ်ကျော် စခန်းကို အထူးဂရုပြု စောင့်ကြည့်နေပါတယ်။

0 မှတ်ချက်များ for "ကျူးကျော်ပျံသန်းလာတဲ့ ဆီးရီးယားမောင်း သူမဲ့ လေယာဉ်ကို အစ္စရေးပစ်ချ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++