လစ်ဗျားက အမေရိကန်သံရုံးကို အစ္စလာမ်မစ် စစ်သွေးကြွ သိမ်းပိုက်
လစ်ဗျားနိုင်ငံမြို့တော် ထရီပိုလီမှာရှိတဲ့ အမေရိကန် သံရုံးရဲ့
လူနေအိမ်ရာနေရာကို သိမ်းပိုက်ထိန်းချုပ် ထားလိုက်ပြီလို့
အစ္စလာမ်မစ် စစ်သွေးကြွ တဖွဲ့က ပြောပါတယ်။
စစ်သွေးကြွအုပ်စုတွေအချင်းချင်း သီတင်းပတ်ကြာ အကြမ်းဖက် တိုက်ခိုက်ကြတဲ့နောက် ထရီပိုလီမြို့ က နိုင်ငံတကာလေဆိပ်ကို ထိန်းချုပ်နိုင်ခဲ့တဲ့ စစ်သွေးကြွတဖွဲ့က လစ်လပ်နေတဲ့ အမေရိကန်သံရုံးကို သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။
အမေရိကန်သံတမန်တွေဟာ ဇူလိုင်လနှောင်းပိုင်းမှာ တူနီးရှားနိုင်ငံကို တိမ်းရှောင်နေခဲ့ကြတယ်လို့ သိရပါတယ်။
အာရုဏ်ဦးလို့ နာမည်ပေးထားတဲ့ အစ္စလာမ်မစ်
စစ်သွေးကြွ အုပ်စုကြီးတစုက အမေရိကန်သံရုံးဝန်းကို ထိန်းချုပ်ထားတာ
တပတ်လောက်ရှိပြီလို့ ဒူဘိုင်းရုပ်သံဌာနက သတင်းဌာနတွေရဲ့ သတင်းတွေမှာ ဖေါ်ပြ ထားပါတယ်။
စစ်သွေးကြွတွေ
အမေရိကန်သံရုံးဝန်းအတွင်း အိမ်ခေါင်မိုးတွေပေါ်ကနေ ရေကူးကန် ထဲကို
ခုန်ချနြေ ကတဲ့ပုံကို ပြသခဲ့ပေမဲ့ သံရုံးကတော့
ရိုက်ချိုးဖျက်ဆီး မွှေနှောက်ထားပုံ မရဘူးလို့ ယူဆရကြောင်း ပြောပါတယ်။
လစ်ဗျားနိုင်ငံဆိုင်ရာ သံအမတ်ကြီး Deborh Jones က ဗီဒီယိုထဲမှာ
တွေ့ရတာဟာ ၀န်ထမ်းတွေ နေထိုင် တဲ့နေရာဖြစ်ကြောင်း ပြောပါတယ်။


0 မှတ်ချက်များ for "လစ်ဗျားက အမေရိကန်သံရုံးကို အစ္စလာမ်မစ် စစ်သွေးကြွ သိမ်းပိုက်"