UNFC ရဲ့ ပထမဆုံးအကြိမ် ညီလာခံကို ထိုင်း-မြန်မာ နယ်စပ်မှာ ကျင်းပ
၃နှစ်တာ လုပ်ဆောင်ခဲ့တဲ့အခြေအနေများ ပြန်လည် သုံးသပ်ကြဖို့နဲ့ ရှေ့လုပ်ငန်းစဉ်များချမှတ်အတွက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်
ကောင်စီ (UNFC)က ပထမဆုံးအကြိမ်ညီလာခံကို ထိုင်း-မြန်မာ နယ်စပ် တနေရာမှာ စတင်ကျင်းပနေ ပါတယ်။
ကောင်စီ (UNFC)က ပထမဆုံးအကြိမ်ညီလာခံကို ထိုင်း-မြန်မာ နယ်စပ် တနေရာမှာ စတင်ကျင်းပနေ ပါတယ်။
၃နှစ်တာ လုပ်ဆောင်ခဲ့တဲ့ အခြေအနေများနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမှ နိုင်ငံရေး
ဆွေးနွေးပွဲသို့ တက်လှမ်းမည့်အခြေအနေများကို ညီလာခံမှာ ဆွေးနွေးသုံးသပ်ကြပြီး ဖက်ဒရယ်ပြည်ထောင်စုစနစ်နဲ့အညီ တပ်တွေကို တည်ဆောက်ရေးအပါအ၀င် ရှေ့လုပ်ငန်းစဉ်များ ချမှတ်သွားကြမယ်လို့ UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ က ပြောပါတယ်။

ထို့အပြင် UNFC ရဲ့ ဦးတည်ချက်ဖြစ်တဲ့ တိုင်းရင်းသားများ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု အကောင်အထည်ဖော်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားဖို့ ညီလာခံမှာ UNFC ခေါင်းဆောင်တွေကိုလည်း အသစ်ပြန်လည်ရွေးချယ်သွားမယ်လို့ နိုင်ဟံသာက ပြောပါတယ်။
သြဂုတ်လ ၂၅ ရက်မှ ၂၈ ရက်အထိ လေးရက်ကြာ ကျင်းပမယ့် ပထမဆုံးအကြိမ် UNFC ညီလာခံမှာ အဖွဲ့ဝင်များနှင့် အထူးဖိတ်ကြားထားတဲ့ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ရခိုင်တပ်မတော် (AA) အပါအ၀င် ကိုယ်စားလှယ် စုစုပေါင်း ၆ဝ ကျော် တက်ရောက်ဆွေးနွေးမယ်လို့ သိရပါတယ်။
UNFC ကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ မွန်ပြည်သစ်ပါတီ(MNSP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့(PNLO)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PSLF/TNLA)၊ ဝ အမျိုသားအစည်းအရုံး (WNO)နှင့်
မြန်မာနိုင်ငံအမျိုးသားမဟာမိတ်တပ်မတော် MNDAA ကိုးကန့်အဖွဲ့ ၁၁ ဖွဲ့ဖြင့် ၂ဝ၁၁ ခုနှစ်
ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ စတင်ဖွဲ့စည်းထားပါတယ်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ စတင်ဖွဲ့စည်းထားပါတယ်။
လက်ရှိမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဒု-ဥက္ကဋ္ဌ အင်ဘန်လက ဥက္ကဋ္ဌ တာဝန်ယူပြီး ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ အေဘယ်လ်တွီဒ်က ဒု-ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါတယ်။

0 မှတ်ချက်များ for "UNFC ရဲ့ ပထမဆုံးအကြိမ် ညီလာခံကို ထိုင်း-မြန်မာ နယ်စပ်မှာ ကျင်းပ"