အစ္စရေးလေကြောင်း တိုက်ခိုက်မှုကြောင့် Hamas ဘဏ္ဍာထိန်း သေဆုံး

Hamas အဖွဲ့ရဲ့ ခေါင်းဆောင်တွေကို ပစ်မှတ်ထားပြီး တနင်္ဂနွေနေ့မှာ အစ္စရေးလေကြောင်း တိုက်ခိုက် မှုကြောင့် Hamas အဖွဲ့ရဲ့ ဘဏ္ဍာထိန်းပေးသူ Mohammed al-Ghoul)  သေဆုံး သွားပါတယ်။

ဒါဟာ ဟားမတ်စ်အဖွဲ့ရဲ့ စစ်ဖက်ဆိုင်ရာအကြီး အကဲ ၃ ယောက် သေဆုံးသွားအပြီး ရက်ပိုင်းမှာ ထပ်မံ သေဆုံးသွားတာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့စဉ်  သေဆုံးသွားကြောင်း အစ္စရေးစစ်ဘက် က ပြောပါ တယ်။

အခုသေဆုံးသွားတဲ့ Mohammed al-Ghoulဟာ ဟားမတ်စ် စစ်သွေးကြွအဖွဲ့အတွက် အဓိကအရေးကြီးတဲ့ ကဏ္ဍကနေ လှုပ်ရှားနေသူတဦးဖြစ်တယ်လို့ အစ္စရေးက ပြောပါတယ်။

သူဟာ ငွေတွေကို တနေရာကနေတနေရာကို လွှဲပြောင်းတဲ့တာဝန်ယူထားပြီး ဂါဇာမှာအခြေစိုက်တဲ့ အကြမ်းဖက်အုပ်စုအတွက် အခြေခံလိုအပ်ချက်တွေကို တည်ဆောက်ပေးနေသူ ဖြစ်ပါတယ်။

ဒီအထဲမှာ အစ္စရေးနိုင်ငံကို တိုက်ခိုက်ရာမှာ အသုံးပြုဖို့ ဥမင်လှိုဏ်ခေါင်း ဖေါက်လုပ်တဲ့ကိစ္စတွေလည်း ပါဝင် ပါတယ်။

အခင်းဖြစ်တဲ့နေရာအနီးမှာရှိတဲ့ မျက်မြင်သက်သေတွေအဆိုအရ ပျက်စီးနေတဲ့ ကားအတွင်းမှာ အမေရိကန်ဒေါ်လာ ငွေစက္ကူတွေကို တွေ့ရတယ်လို့ ပြောပါတယ်။

0 မှတ်ချက်များ for "အစ္စရေးလေကြောင်း တိုက်ခိုက်မှုကြောင့် Hamas ဘဏ္ဍာထိန်း သေဆုံး"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++