ချွေးနံ့ ခံတွင်းနံ့ဆိုးတွေ သက်သာ ပျောက်ကင်းစေတဲ့နည်း

ချွေးနံ့ ခံတွင်းနံ နံလား မနံလားဆိုတာကို  ကိုယ့်ကိုယ်ကို ဆန်းစစ်ရင် သိနိုင်ပါတယ်။

ခန္ဓာကိုယ်က ချွေးနံ့ထွက်၊ ခံတွင်းနံ့ဆိုးခြင်းဟာ လူအများနဲ့ ဆက်ဆံရတဲ့အခါမှာ ကိုယ့်ဘေးနားက လူတွေကို အနှောင့်အယှက်အပေးဆုံး အချက်ပါပဲ။ 

ချွေးနံ့ဆိုး၊ ခံတွင်းနံ့ဆိုးတွေ မထွက်အောင် ဘယ်လို ဂရုစိုက်သင့်သလဲဆိုတဲ့ အချက်လေးတွေ ဖော်ပြပေး လိုက်ပါတယ်။ 

  Hygiene
- ချွေးနံ့ မနံချင်ရင် ခံတွင်းနံ့မနံချင်ရင် တကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်ပါ။
- သွားကိုမနက်တကြိမ် ညတကြိမ် မှန်မှန်တိုက်ပါ။
- အစာစားပြီးတိုင်း ပလုတ်ကျင်းပါ။
- နေ့တိုင်း ရေမှန်မှန်ချိုးပါ။ ချွေးနံ့တာတွေ သက်သာစေမည်။
- ရေချိုးတယ်ဆိုရုံလေး ရေပဲချိုးလို့ မရသေးဘူး။
- ခန္ဓာကိုယ်က ချွေးတွေ ဂျီးတွေ သန့်စင်ဖို့ သင့်တော်တဲ့ဆပ်ပြာ သို့မဟုတ် ဆပ်ပြာရည်ကိုသုံးပါ။
- ချွေးထွက်များတဲ့ ရင်သားအောက်၊ ချိုင်း၊ ပေါင်ခြံနဲ့ ခြေဖ၀ါး၊ ခြေချောင်းကြားတွေကိုသေချာသန့်စင်ပေးပါ။
-ဘက်တီးရီးယားတွေ ခိုအောင်းပေါက်ဖွားနေနိုင်တဲ့ ဂျိုင်းမွှေးတွေကိုလည်း ပုံမှန်ဖယ်ရှားပေးပါ။

Reduce Sweating
- ချွေးထွက်များတဲ့သူတွေဟာ ချွေးနံ့နံတယ်ဆိုတာ မဆန်းပါဘူး။
- သင်ချွေးထွက်များတာဟာ အားကစားလုပ်ပြီး ချိန်တွေမှာပဲဆိုရင်တော့ မစိုးရိမ်ပါနဲ့။
- လူတိုင်းက အဲ့ဒီအချိန်ချွေးနံ့နံတာ သိပါတယ်။
- စိတ်ဖိစီးမှုတွေကြောင့်လဲ  ချွေးထွက်တတ်ပါတယ်။
- ချွေးထွက်နည်းစေတဲ့ အယ်ကိုဟောမပါတဲ့ Antiperspirant Roll On တွေ သုံးပေးပါ။
- ချွေးထွက်ခြင်းကို အားပေးတဲ့ ရှုးရှုးရှဲရှဲ ပူပူလောင်လောင်အစားအစာတွေကိုတော့ ရှောင်ပါ။
-  ချွေးထွက်အရမ်းများတဲ့သူတွေဟာ ပွပွချောင်ချောင် ချည်သားလေးတွေ ၀တ်ပါ။
- တရက်ကို ရေ ၂ ကြိမ် ၃ ကြိမ် ချိုးပေးနိုင်ရင် အကောင်းဆုံးပေါ့။
- ရေချိုးပြီးရင် ချိုင်းကို ထုံးရည်ကြည်လေး ပွတ်ပေးတာ ကလည်း ချိုင်းချွေးနံ့ သက်သာစေနိုင်ပါတယ်။

Keep Clothes Dry and Clean
- အ၀တ်အစားတွေကို နေ့တိုင်း မှန်မှန်လဲပါ။
- အတွင်းခံတွေကိုလည်း နေ့တိုင်း လျှော်ပေးပါ။
- အ၀တ်အစားတွေကို အ၀တ်တွေကို ချိတ်ဆွဲနိုင်တဲ့ ဗီရိုထဲမှာ ချိတ်ပြီးထားရင် အကောင်းဆုံးပါ။
- အ၀တ်တွေကို အမြဲခြောက်သွေ့နေစေပြီး ဘက်တီးရီးယားပိုးတွေကိုလည်း သေစေနိုင်ပါတယ။

Wash Hand
- ဟိုကိုင်ဒီကိုင်နဲ့ ဘက်တီးရီးယားတွေနဲ့ ထိတွေ့မှု အများဆုံး လက်ကို ခဏခဏ ဆေးပေးပါ။
- တစ်နေ့ကို အနည်းဆုံး သုံးကြိမ် လေးကြိမ် လက်ဆေးသင့်ပါတယ်။

Choose Right Food
- ချွေးအနံ့ဟာ စားတဲ့အစာနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့အတွက်  အစားအစာကို ရွေးချယ်စားသုံးပါ။
- ချွေးနံ့ဟာ ခန္ဓာကိုယ်က အစာချေဖျက်ပြီး ထွက်လာတာတွေနဲ့ ဆိုင်တယ်။
- ချွေးနံ့ဆိုးတွေ ထွက်စေတဲ့ အနီရောင်အသားတွေ၊ အရက်၊ ကော်ဖီ၊ ဆီကြော်နဲ့ ဓာတုပစ္စည်းတွေပါဝင်တဲ့ အစားအသောက်တွေကို လျှော့စားပါ။
- ချွေးနံ့နံ ခံတွင်းနံ့နံတတ်ရင် ဂျင်း၊ ကြက်သွန်ဖြူစတဲ့ အနံ့ပြင်းတာတွေကို ထည့်မစားသင့်ပါ။
- အရမ်းစားချင်ရင် ညဘက်တွေလည်း အပြင်ထွက်စရာမ ရှိရင်တော့ ညစာမှာထည့်စားပါ။
- ခံတွင်းအနံ့ပျောက်အောင် ပီကေ၀ါးပါ။
- ပူရှိန်းသကြားလုံးလေးတွေနဲ့ ပါးစပ်ဖြန်းဆေးတွေ၊ ပလုပ်ကျင်းတဲ့ဆေးရည်တွေကိုလည်း အားကိုးပါ။ 
- ချွးနံ့ ခံတွင်းနံ့နံတတ်သူတွေက အသီး အရွက်တွေများများစား၊ ရေကိုလည်း များများသောက်ပေးပါ။
- ကျောက်ဖရုံယိုတို့ ရွှေဖရုံသီးတို့ စားရင်လည်း ချွေးနံ့သက်သာပါတယ်။

Give Up Smoking
- ဆေးလိပ်သောက်ရင် ဆေးလိပ်နံ့တွေ အ၀တ်အစားပေါ်မှာ စွဲကျန်စေပါတယ်။
- ခန္ဓာကိုယ်က အနံ့ကို ထိန်းချုပ်နိုင်တဲ့စနစ်တွေကိုလည်း ယိုယွင်းစေတယ်ပါတတယ်။
- ဆေးလိပ်သောက်တဲ့သူဆိုရင် ဆေးလိပ်ဖြတ်ပါ။ 

Consult with Doctor
- ခံတွင်းနံ့နံ ချွေးနံ့နံတာတွေကို ဆရာဝန်နဲ့ ပြပြီး လိုအပ်တဲ့ ကုသမှုတွေ ခံယူပါ။
 
__ကျန်းမာရေးနှင့် အလှအပ ဂျာနယ်

0 မှတ်ချက်များ for "ချွေးနံ့ ခံတွင်းနံ့ဆိုးတွေ သက်သာ ပျောက်ကင်းစေတဲ့နည်း"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++