ခိုင်မာတိကျတဲ့ ပစ်ခတ်ရပ်စဲရေး သဘောတူညီချက် မထုတ်ပြန်နိုင်သေး
တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင် ဖို့ ဆွေးနွေးပွဲအခြေအနေ တိုးတက်မှုရှိသော်လည်း ခိုင်မာတိကျတဲ့ ထုတ်ပြန်ရမည့်အချက်တွေ မလုပ်နိုင်သေးဘူးလို့ တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့NCCT ဒုတိယ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော်က ပြောပါတယ်။
လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ဆွေးနွေးနေ ကြတဲ့
တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေဟာ အရင်တုန်းက ဘယ်လိုတိုက်ရမလဲ
စဉ်းစားတယ်။ ခုဆိုရင် တိုက်ပွဲတွေ ဘယ်လို တားရမလဲဆိုတာ စဉ်းစားတဲ့ အဆင့်ရောက်နေတော့ ယခင်နှင့် ကွာခြား မှုတွေရှိတယ်လို့
ဗိုလ်ချုပ်ဂွမ်မော်က ပြောပါတယ်။
ဒါပေမယ့် လက်ရှိအချိန်အထိတော့ တိကျခိုင်မာတဲ့ သဘောတူညီချက်တွေ မထုတ်ပြန်နိုင်သေးပေမယ့်
ဆွေးနွေးပွဲရလဒ်တွေ ကတော့ တိုးတက်လာနေတယ်လို့ ဗိုလ်ချုပ်ဂွမ်မော်က သြဂုတ် ၁၈ ရက် မြန်မာ့ငြိမ်း ချမ်းရေးစင်တာမှာ ပြုလုပ်တဲ့ အစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များနဲ့ နိုင်ငံရေး ပါတီများ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေး ပွဲမှာ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
ဆွေးနွေးပွဲရလဒ်တွေ ကတော့ တိုးတက်လာနေတယ်လို့ ဗိုလ်ချုပ်ဂွမ်မော်က သြဂုတ် ၁၈ ရက် မြန်မာ့ငြိမ်း ချမ်းရေးစင်တာမှာ ပြုလုပ်တဲ့ အစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များနဲ့ နိုင်ငံရေး ပါတီများ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေး ပွဲမှာ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာကလည်း တိုင်းရင်းသားတို့လိုးလားတောင့်တနေတဲ့ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အားမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို အစိုးရဘက်က မူအားဖြင့် လက်ခံသဘောတူလိုက်တဲ့အတွက် ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ပြဿ နာ ကို ဖြေ ရှင်းဖို့ လမ်းစတစ်ခုဖြစ်တယ်လို့ သုံးသပ်ပါတယ်။
တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖို့ အစိုးရပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ
(UPWC)နဲ့ တိုင်းရင်းသားဘက်ကတနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာညှိနိုင်းရေး အဖွဲ့
(NCCT)တို့ကြား သြဂုတ်လ ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့ အထိ တွေ့ဆုံဆွေးနွေး ပွဲမှာ သဘောတူ ညီမှု ရရှိခဲ့ပေမယ့် အရေးပါတဲ့အချက်တချို့ကျန်ရှိနေသေးပြီး
စက်တင်ဘာ လဆန်းပိုင်းမှာ ပြန်ဆွေးနွေးဖို့ ရှိနေပါတယ်။


0 မှတ်ချက်များ for "ခိုင်မာတိကျတဲ့ ပစ်ခတ်ရပ်စဲရေး သဘောတူညီချက် မထုတ်ပြန်နိုင်သေး"