အစိုးရလက်နက်ကိုင် တပ်ဖွဲ့နဲ့ NCCT အဖွဲ့ဝင် TNLA ကြား တိုက်ပွဲ ဆက်ဖြစ်ပွား
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကျူးကျော်နယ်ချဲ့လာတဲ့ မြန်မာအစိုးရ လက်နက်ကိုင် တပ်ဖွဲ့နဲ့NCCT အဖွဲ့ဝင် နယ်မြေခံ တအာင်းအမျိုး သား လွတ်မြောက်ရေး တပ်မတော် TNLA တို့ကြား စနေနေ့မှာ တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။
TNLA တပ် အခြေချတဲ့ တောင်ကုန်းတစ်ခုကို တိုက် ခိုက်သိမ်းပိုက်ရန် မြန်မာအစိုးရလက်နက်ကိုင်တပ်
ဝင်လာချိန်မှာ တိုက်ပွဲ စဖြစ်တာလို့ TNLA အထွေထွေ အတွင်းရေးမှူး တာဘုန်းကျော်က ပြော ပါတယ်။
TNLA တပ် အခြေချတဲ့ တောင်ကုန်းတစ်ခုကို တိုက် ခိုက်သိမ်းပိုက်ရန် မြန်မာအစိုးရလက်နက်ကိုင်တပ်
ဝင်လာချိန်မှာ တိုက်ပွဲ စဖြစ်တာလို့ TNLA အထွေထွေ အတွင်းရေးမှူး တာဘုန်းကျော်က ပြော ပါတယ်။
ကျောက်မဲ၊ နမ့်ဆန်၊ မန်တုံ၊ မိုးမိတ်၊ နမ့်ခမ်း၊ ကွတ်ခိုင် စတဲ့မြို့နယ်တွေမှာTNLA တပ်တွေရဲ့နယ်မြေတွေမှာ အစိုးရတပ်တွေက ဆက်လက်နယ်ချဲ့လှုပ်ရှားလာနေတဲ့အတွက် တိုက်ပွဲ ထပ်မံဖြစ်ပွားနိုင်ခြေများတယ် လို့ TNLA တာဘုန်းကျော်က ပြောပါတယ်။
သြဂုတ်လ ၁၄ ရက်နေ့ တုံးကလည်း တအာင်းဒေသ၊ မိုးမိတ်မြို့နယ်၊ ရေပုံးကျေးရွာအုပ်စု၊ ရေပုံးကျေးရွာနှင့် မိုးလုံကျေးရွာကြားမှာ ကျူးကျော်လာတဲ့ မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့နဲ့ တအာင်းတပ်မတော် တပ်မဟာ(၂) လက်အောက်ခံ တပ်ရင်း(၃၆၇)၊ ကြား ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွါးခဲ့သည်။

တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ဟာ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC ရဲ့ အဖွဲ့ဝင်ဖြစ်သလို တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT) ရဲ့ အဖွဲ့ဝင်ဖြစ်နေသော်လည်း ၂၀၁၄ အတွင်းမှာ မြန်မာအစိုးရလက်နက်ကိုင်တပ်နဲ့ တိုက်ပွဲငယ် ၁၀ဝ ကျော် ဖြစ်ပွားခဲ့ပါတယ်။

0 မှတ်ချက်များ for "အစိုးရလက်နက်ကိုင် တပ်ဖွဲ့နဲ့ NCCT အဖွဲ့ဝင် TNLA ကြား တိုက်ပွဲ ဆက်ဖြစ်ပွား"