အီရတ်က လူမျိုးစုတွေဟာ ISIS ရဲ့ အစုအပြုံလိုက် သတ်ဖြတ်ခံရတဲ့ အခြေအနေနဲ့ ကြုံရနိုင်တယ်လို့ ကုလပြော
ဆီးရီးယားနိုင်ငံအရှေ့ပိုင်း၌ လူပေါင်း ၇ဝဝ ကျော်ကို အစ္စလာမ္မစ် စစ်သွေးကြွ ISIS အဖွဲ့ အစုအပြုံလိုက် ကွပ်မျက်လိုက်တယ်လို့ ဆီးရီးယားလူ့အခွင့် အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့က ပြောကြား တဲ့နောက် အီရတ်နိုင်ငံ မြောက်ပိုင်းမှာ ပိတ်ဆို့ ခံနေရတဲ့ လူနည်းစုတွေလည်း အစုအပြုံ သတ်ဖြတ် ခံရတဲ့ အန္တရာယ်နဲ့ ကြုံလာရနိုင်တယ်လို့ ကုလ သမဂ္ဂအရာရှိတွေက သတိပေးပြောကြား လိုက် ပါတယ်။
ဆီးရီးယားနိုင်ငံ ဒီယာအယ်လ်ဇောပြည်နယ်မှာ အစုလိုက်အပြုံလိုက် ခေါင်းဖြတ်သတ်ခံရတဲ့ ရှိတ်တာအတ် လူမျိုးစုတွေဟာ ၁၈ဝဝ ကျော် ပျောက်ဆုံးနေပြီး ၇ဝဝဝဝသာ ရှိတော့တယ်လို့ ဆီးရီးယားလူ့အခွင့်အရေး
စောင့်ကြည့်လေ့လာရေးအဖွဲ့ ညွှန်ကြားရေးမှူး ရာမီအယ်ဒယ်ရာမန်က ပြောပါတယ်။
အစ္စလာမ္မစ် စစ်သွေးကြွ ISIS ပိတ်ဆို့ထားတာကြာင့် ဒုက္ခသည် ၂သိန်းကျော်တွဟာ အစာရေစာဖြတ်နေ တာ ၂ လနီးပါး ရှိနေပြီး ပြောမပြနိုင်တဲ့အခြေအနေတွေ ကြုံတွေ့နေရတယ် အီရတ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စား လှယ်က ပြောပါတယ်။
ကာ့ဒစ်ရှစ်ပက်ရှ်မာဂါအဖွဲ့ထိန်းချုပ်ထားတဲ့ အီရတ်မြောက်ပိုင်း Kirkuk မြို့မှာ ဗုံးတွေ ပေါက်ကွဲခဲ့တဲ့အတွက် အနည်းဆုံး လူ ၁၈ ဦး သေဆုံးသွားပြီး သေဆုံး သွားသူတွေထဲမှာ ကာ့ဒစ်ရှ်လုံခြုံရေးတပ် ပက်ရှ်မာဂါ အဖွဲ့ ဝင်တွေလည်း ပါဝင်တယ်လို့ ဒေသခံသတင်းဌာနတွေက ဆိုပါတယ်။
အီရတ်နိုင်ငံအတွင်း အခြေအနေအတည်အငြိမ်ဆုံး ကာ့ဒစ်ရှစ် ဒေသရဲ့ မြို့တော် အယ်လ်ဘီးမှာလည်း ဗုံးတစ်လုံးကွဲခဲ့ပါတယ်။
ဆီးရီးယားနှင့် အီရတ်နိုင်ငံမှာ ရမ်းကားလှုပ်ရှားနေတဲ့ ISIS စစ်သွေးကြွတွေကို အမြစ်ဖြုတ်ချေမှုန်းဖို့ တိုက်တွန်းတဲ့ ဆုံးဖြတ်ချက်ကို
ကုလသမဂ္ဂလုံခြုံရေး ကောင်စီက သောကြာနေ့မှာ ချမှတ်လိုက်ပါတယ်။


0 မှတ်ချက်များ for "အီရတ်က လူမျိုးစုတွေဟာ ISIS ရဲ့ အစုအပြုံလိုက် သတ်ဖြတ်ခံရတဲ့ အခြေအနေနဲ့ ကြုံရနိုင်တယ်လို့ ကုလပြော"