ခွန်းနိုင်လင်းထွန်းကို ထိုးကြိတ်ရိုက်နှက်ခဲ့တဲ့ ရဲတပ်ဖွဲ့ ဝင်တွေကို အရေးယူပေးဖို့ ကယန်းမျိုးဆက်သစ်လူငယ် တောင်းဆို
ပေါင်းလောင်းဆည် စီမံကိန်းကြောင့် ဒေသခံတွေရဲ့ နစ်နာချက်တွေကို ကူညီဆောင်ရွက်ပေးနေသော ကယန်းမျိုးဆက်သစ်လူငယ် KNGY ရဲ့ ဗဟိုကော် မတီဝင် ခွန်းနိုင်လင်းထွန်းကို ၀ိုင်းဝန်းထိုးကြိတ် ရိုက်နှက်တဲ့ ရဲတပ်ဖွဲ့ ဝင်တွေအား အရေးယူပေးဖို့ ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ KNGY က တောင်းဆို လိုက်ပါတယ်။
ခွန်းနိုင်လင်းထွန်းဟာ ပေါင်းလောင်းဆည် စီမံ ကိန်းကြောင့် နစ်နစ်ရတဲ့ ဒေသခံအရေး ကူညီဆောင်ရွက်ပေးနေသူဖြစ်တယ်၊ သူ့ကို ခုလို ပင်လောင်းမြို့နယ် ဖိုကုန်းရွာမှာ ရှိတဲ့ရဲတပ်ဖွဲ့က ၀ိုင်းဝန်ထိုးကြိတ် ရိုက်နှက်နေတာဟာ အာဏာအလွဲသုံးစားနေတာ ဖြစ်တယ်လို့ KNGY ဥက္ကဌ ခွန်းဘီဒူးက ပြောပါတယ်။
မရှိဆင်းရဲသား ဒေသခံအရေး ကူညီဆောင်ရွက်ပေးနေတဲ့ လူငယ်တွေကို ပြုကျင့်ချင်သလို ပြု ကျင့်ပြီး အခြေခံလူတန်းစားတွေကို ဖိနှိပ်ချင်သလို ဖိနှိပ်နေတဲ့ ရဲတပ်ဖွဲ့ဝင်များအား ထိရောက်စွာ အရေးယူပေး ဖို့ တောင်းဆိုလိုက်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လည်း KNGY အဖွဲ့က သြဂုတ်လ ၂၃ ရက်စွဲနဲ့ ကြေညာချက်တစောင်ထုတ်ပြန်ပြီး ခွန်းနိုင်လင်းထွန်းဟာ အထက်ပေါင်းလောင်းဆည်စီမံကိန်းကြောင့် ကျေးရွာ ၂၃ ရွာ က ဒေသခံလူပေါင်း ၈,ဝဝဝ ကျော်ရဲ့ နစ်နာဆုံးရှုံးမှုတွေကို အချက်အလက်စုဆောင်း ထုတ်ပြန်ပေးနေတာဖြစ်တယ်လို့ ကြညာချက်မှာ ဆိုပါတယ်။
ဒေသခံနစ်နာချက်ကို ဖော်ထုတ်ပေးနေသူကို ရိုက်နှက်ခဲ့တဲ့ရဲတပ်ဖွဲ့ဝင် ၇ ယောက်အား ထိရောက်စွာ အရေးယူပေးရေးနဲ့ ပေါင်းလောင်းဒေသခံအခွင့်အရေး လွတ်လပ်စွာလုပ်ခွင့်ရဖို့ ကြေညာချက်က တောင်းဆို လိုက်ပါတယ်။


0 မှတ်ချက်များ for "ခွန်းနိုင်လင်းထွန်းကို ထိုးကြိတ်ရိုက်နှက်ခဲ့တဲ့ ရဲတပ်ဖွဲ့ ဝင်တွေကို အရေးယူပေးဖို့ ကယန်းမျိုးဆက်သစ်လူငယ် တောင်းဆို"