ယူကရိန်းနိုင်ငံထဲ အတင်းဝင်လာတဲ့ ရုရှားယာဉ်တန်းတွေကို အမေရိကန်နဲ့ နေတိုးသတိပေး
ယူရိန်းခွဲထွက်ရေးသူပုန် ထိန်းချုပ်ထားတဲ့နေရာမှာ အတင်းဝင်ရောက်လာတဲ့ အကူအညီပေးရေး ရုရှားယာဉ်တန်းတွေကို နေတိုးနဲ့ အမေရိကန် တို့က သတိပေး ပြောကြားလိုက်ပါတယ်။
ရုရှားဟာ စားသောက်စရာ အကူအညီပေးရေး အကြောင်းပြချက်နဲ့ သူပုန်တွေကို စစ်ရေးအကူ အညီတွေ တိုးမြှင့်ပေးနေတယ်လို့ နေတိုးက
ပြောပါတယ်။
ပြောပါတယ်။
အမေရိကန်ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရ ရေတပ်ဗိုလ်ချုပ်ကြီး ဂျွန်ကာဘီကလည်း ရုရှားရဲ့လုပ်ရပ်ကို ရှုံ့ချကြောင်း၊ ရရှားယာဉ်တန်းရဲ့ လှုပ်ရှားမှုကို အလွန်စိုးရိမ်ကြောင်းနဲ့ ဒီယာဉ်တွေကို ရုရှားဘက်က ချက်ချင်းဖယ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
ယာဉ်တန်းတွေ မဖယ်ရှားဘူးဆိုရင် ယူကရိန်းရဲ့ အချုပ်အခြာကို ချိုးဖောက်ဝင်ရောက်ပြီး ရုရှား အနေနဲ့
နောက်ဆက်တွဲ ဆိုးကျိုးတွေ ခံရမယ်လို့လည်း သတိပေးပြောကြားပါတယ်။
နောက်ဆက်တွဲ ဆိုးကျိုးတွေ ခံရမယ်လို့လည်း သတိပေးပြောကြားပါတယ်။
ရုရှားဘက်ကတော့ ကုန်တင်ကားတွေဟာ ကွန်တိန်နာတွေနဲ့ စားသောက်စရာတွေ သယ်လာတာလို့
ပြောသော်လည်း မြင်တွေ့ရတဲ့ သတင်းထောက်တွေကတော့ ကားအများအပြားထဲမှာ စာသောက်စရာ အပါအ၀င် လက်နက်ခဲယမ်းတွေ တွေ့ရတယ်လို့ ဆိုပါတယ်။
ပြောသော်လည်း မြင်တွေ့ရတဲ့ သတင်းထောက်တွေကတော့ ကားအများအပြားထဲမှာ စာသောက်စရာ အပါအ၀င် လက်နက်ခဲယမ်းတွေ တွေ့ရတယ်လို့ ဆိုပါတယ်။


0 မှတ်ချက်များ for "ယူကရိန်းနိုင်ငံထဲ အတင်းဝင်လာတဲ့ ရုရှားယာဉ်တန်းတွေကို အမေရိကန်နဲ့ နေတိုးသတိပေး"