အစ္စလာမ်မစ် စစ်သွေးကြွ ISIS တွန်းလှန်ရေး အာရပ်နိုင်ငံခြားရေး ၀န်ကြီးများ တွေ့ဆုံဆွေးနွေး
အရှေ့အလယ်ပိုင်းဒေသမှာ အစ္စလာမ်မစ် စစ်သွေး ကြွ ISIS အဖွဲ့ ရဲ့ ခြိမ်းခြောက်မှု တနေ့ ထက်တနေ့ ပိုဆိုးလာနေတာကြောင့် အီဂျစ်၊ ဂျော်ဒန်၊ ကာတာနဲ့ အာရပ်စော်ဘွား များ ပြည်ထောင်စုတို့က ဆော်ဝ်ဒီ အာရေဗျ နိုင်ငံ ဂျက်ဒါ မြို့မှာ အရေးပေါ်အစည်း အဝေးတရပ် ကျင်းပပါတယ်။
အစည်းအဝေးမှာ နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ကြပြီး အစ္စလာမ်မစ်စစ်သွေးကြွ ISIS အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို တွန်းလှန်နိုင်ရေးနဲ့ ကာကွယ်ကြဖို့ ဆွေးနွေးကြပါတယ်။
အီရပ်ကဒ်စ်၊ ရှီယား၊ ဆွန်နီတွေအပေါ် ရက်ရက်စက်စက် သတ်ဖြတ်ပြီး ဒေသတခုလုံးနဲ့ နိုင်ငံတကာ အသိုင်းအဝန်းကိုပါ
ခြိမ်းခြောက်နေတဲ့ ISIS အဖွဲ့ကို ဘယ်လိုတွန်းလှန်ကြမလဲ ဆိုတာကိုလည်း ဆွေးနွေး ကြပါတယ်။
အီရန်နိုင်ငံခြားဝန်ကြီးက ISIS အဖွဲ့တွန်းလှန်ရေးမှာ အီရန်အနေနဲ့အီရတ်အစိုးရနဲ့ရော၊ ကာဒစ်ရှ် တပ်ဖွဲ့နဲ့ပါ ပူးပေါင်းဆောင်ရွက်မှုတွေ
ရှိနေတယ်လို့ ဆိုပါတယ်။
ဆီးရီးယားပြည်တွင်းစစ်ကလည်း မပြီးသေးတဲ့အခါ ဒီအရေးကို နိုင်ငံရေးအရ ဖြေရှင်းဖို့ ပိုမိုလိုအပ် လာတယ်လို့ အီဂျစ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။


0 မှတ်ချက်များ for "အစ္စလာမ်မစ် စစ်သွေးကြွ ISIS တွန်းလှန်ရေး အာရပ်နိုင်ငံခြားရေး ၀န်ကြီးများ တွေ့ဆုံဆွေးနွေး"