အစိုးရအဖွဲ့ကို ဖျက်သိမ်းပြီး အစိုးရသစ်ကို ဖွဲ့စည်းဖို့ ပြည်သစ်သမ္မတ ညွန်ကြား

စီးပွါးရေးမူဝါဒတွေနဲ့ လုပ်ဆောင်မှုတွေနဲ့ပတ် သက်ပြီး ဝေဖန်ခံနေရတဲ့အတွက် ပြင်သစ်သမ္မတ Francois Hollande က သူ့ရဲ့ ဆိုရှယ်လစ် အစိုးရ အဖွဲ့ကို ဖျက်သိမ်းပြီး အစိုးရသစ်တရပ်ဖွဲ့စည်းဖို့ ညွှန်ကြားလိုက်ပါတယ်။
 
စီးပွားရေးပြန်လည်နိုးထစေရေး လုပ်ငန်းနဲ့ အသုံး စရိတ် လျှော့ချဖြတ်တောက်ရေးကိစ္စတွေမှာ သဘောကွဲလွဲမှုတွ ဖြစ်ပွားနေချိန်မှာ ဆိုရှယ်လစ် အစိုးရရဲ့ ဖျက်သိမ်းမှုကို သမ္မတက လက်ခံဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ဝန်ကြီးချုပ်နှစ်ဦး  မေးခွန်းထုတ် ဝေဖန်တောင်းဆိုတဲ့နောက် ပြင်သစ်သမ္မတက နိုင်ငံရေးအပြောင်းအလဲတွေ လုပ်ဖို့ အင်္ဂါနေ့မှာနောက်ဆုံးထားပြီး  အစိုးရသစ်ဖွဲ့စည်းဖို့ ဆိုရှယ်လစ်အစိုးရအဖွဲ့နုတ်ထွက်ဖို့ အဆိုတင် သွင်းခဲ့တဲ့ ဝန်ကြီးချုပ်  Manuel Valls ကို  တာဝန်ပေးလိုက်ပါတယ်။

ပြင်သစ်နိုင်ငံရဲ့ စီးပွားရေးဟာ နှေးကွေးထိုင်းမှိုင်းနေပြီး အလုပ်လက်မဲ့ ဖြစ်ပွားနေမှုနှုန်း ကလည်း ၁၀% တဝိုက်မှာပဲ ရှိနေပါတယ်။

စီးပွါးရေးဝန်ကြီး Arnaud Montebourg က ပြင် သစ်နိုင်ငံမှာ အီးယူဥရောပ သမဂ္ဂက ဖိအားပေးတာကို ခံနေရပေမယ့် ငွေကြေး ဆိုင်ရာတည်ငြိမ်မှု ရှိအောင်လုပ်ဖို့ ဒီလိုချိုးခြံချွေတာရေးလုပ်ဖို့ အီးယူရဲ့ ဖိအားပေး မှုဟာ တကယ်အကျိုး ရှိမရှိ မေးခွန်းထုတ်ပြီး ပြင်သစ်ရဲ့ စီးပွါးရေးမူဝါဒတွေနဲ့ လုပ်ဆောင်မှုတွေကို ဝေဖန် ခဲ့ပါတယ်။

ပညာရေးဝန်ကြီးကလည်း စီးပွားရေးလုပ်ငန်းတွေကို အခွန်လျော့ကောက်ပြီး အသုံးစရိတ်လျော့ချမယ့် အစိုးရရဲ့ အစီအစဉ်တွေကို ပြောင်းလဲဖို့ လူသိရှင်ကြား တောင်းဆိုခဲ့ပါတယ်။

0 မှတ်ချက်များ for "အစိုးရအဖွဲ့ကို ဖျက်သိမ်းပြီး အစိုးရသစ်ကို ဖွဲ့စည်းဖို့ ပြည်သစ်သမ္မတ ညွန်ကြား"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++