ရက်အကန့်အသတ်မရှိ အပစ်အခတ် ရပ်စဲထားကြဖို့ Hamas နဲ့ အစ္စရေး သဘောတူ
ဂါဇာဒေသမှာ ရက်ပေါင်း ၅၀ ကြာ အပြန်အလှန် တိုက်ခိုက်နေကြတဲ့ Hamas နဲ့ အစ္စရေး တို့က ရက်အကန့်အသတ်မရှိ အပစ်အခတ်ရပ်စဲရေး သဘောတူမှုရရှိပြီးလို့ ကြားဝင်စေ့စပ်ပေးတဲ့ အီဂျစ် က သြဂုတ်လ၂၅ ရက်နေ့မှာ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။
ဒီသဘောတူညီမှုထဲမှာ အပြန်အလှန်တိုက်ခိုက်မှုတွေကြောင့် ဒုက္ခရောက်နေကြတဲ့ လိုင်ဇာဒေသခံတွေကို လူသားချင်းစာနာတဲ့ အကူအညီတွေပေးနိုင်ဖို့နဲ့ ၂ ဘက်လုံးက အငြင်းပွားစရာကိစ္စတွေကို တလအတွင်းမှာ ဆွေးနွေးကြဖို့ ပါဝင်တယ်။
ဆွေးနွေးကြမယ့်ကိစ္စတွေဟာ ပါလက်စတိုင်းဘက်က တောင်းဆိုတဲ့ အစ္စရေးပိတ်ဆို့မှုတွေကို ပြန်လည်ဖွင့်ပေးဖို့ကိစ္စနဲ့ အစ္စရေးဘက်က တောင်းဆိုတဲ့ Hamas စစ်သွေးကြွတွေ လက်နက်ဖြုတ်ဖို့ ဖြစ်ပါတယ်။
သဘောတူညီမှု စတင်အသက်ဝင်တဲ့ ဒေသစံတော်ချိန် အင်္ဂါနေ့ ည ၇ နာရီမှာ
ပါလက်စတိုင်းတွေက လမ်းမပေါ်ထွက် အောင်ပွဲခံခဲ့ကြပြီး ပျော်ရွှင်တဲ့အထိမ်းအမှတ်နဲ့ သေနတ်တွေကို မိုးပေါ်ထောင်ပစ်ခဲ့ကြ ပါတယ်။
အမေရိကန်ပြည်ထောင်စုကလည်း အခုလိုအပစ်အခတ်ရပ်စဲနိုင်ကြတဲ့အပေါ် အပြည့်အ၀ထောက်ခံတယ်လို့ ပြောပါတယ်။
အပြန်အလှန်တိုက်ခိုက်မှုကြောင့် အရပ်သားများအပါအ၀င် အစ္စရေးဘက်က စုစုပေါင်း ၆၉ ဦး သေဆုံးပြီး၊ Hamas ဘက်ကလည်း အရပ်သားများအပါအ၀င်၂၁၀၀ ကျော်သေဆုံးသွားပါတယ်။


0 မှတ်ချက်များ for "ရက်အကန့်အသတ်မရှိ အပစ်အခတ် ရပ်စဲထားကြဖို့ Hamas နဲ့ အစ္စရေး သဘောတူ"