ယူကရိန်းနယ်စပ်မှာ ရုရှားစစ်တပ် ၀င်ရောက် ကျူးကျာ် တိုက်ခိုက်နေတယ်လို့ ဆို

ယူကရိန်းသူပုန်ထိန်းချုပ်ထားတဲ့ဒေသမှာ ရုရှား စစ်သား ၁၀ ယောက် ဖမ်းခံရတဲ့နောက် ယူကရိန်း နယ်စပ်တလျောက်မှာ ရုရှားက ၀င်ရောက်ကျူးကျာ် တိုက်ခိုက်နေတယ်လို့ ယူကရိန်းအစိုးရက ပြော ပါတယ်။

ယူကရိန်းအရှေ့ဘက် နယ်စပ်ထဲမှာ ရုရှားစစ်တပ် စစ်ဆင်ရေးတွေလုပ်နေတဲ့ အထောက်အထား အခိုင်အလုံရှိတယ်လို့ ယူကရိန်း လန်ဒန်သံရုံးတာဝန်ခံ Andriy Kuzmenko က ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူကလည်း ယူကရိန်းပိုင်နယ်အတွင်းမှာ ရုရှစစ်သားတွေ
တွေ့နေရပြီး ယူကရိန်းအရှေ့ဘက်မှာ ရုရှားတို့ရဲ့ တင့်ကားတွေ သံချပ်ကာ ကားတွ ရော့ကက် ဒုံးလက် နက်တွေ တပ်ဆင်ထားတဲ့ ယာဉ်တွေဟာ နယ်စပ်ဖြတ်ပြီး ဝင်လာနေတဲ့ ဓါတ်ပုံတွေ ရှိတယ်လို့ ပြော ပါတယ်။

အခြေအနေတွေ တည်ငြိမ်အောင်လုပ်ဖို့ ရုရှားမှာ အဓိကတာဝန်ရှိတယ်လို့ ဂျာမန်ဝန်ကြီးချုပ် အန်ဂဲလာ မာခဲ က ရုရှသမ္မတ ပူတင်ကို ဖုန်းဆက်ပြောပြီး ရုရှားစစ်ရေးကျူးကျော်မှုတွေလုပ်နေတယ် ဆိုတာကို ရှင်းလင်းချက်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ရုရှားကတော့ ယူကရိန်းပြည်တွင်းစစ်ထဲမှာ စစ်ရေးအရ စွက်ဖက်မှုမလုပ်ကြောင်း၊ သူပုန်ုတွေကို လက်နက် အထောက်အပံ့ မပေးကြောင်း ငြင်းဆိုနေပေမယ့် ခွဲထွက်ရေးသူပုန်ထိန်းချုပ်ထားတဲ့ဒေသမှာ ရုရှား
လေကြောင်း တပ်မ ၉၈ ရဲ့ လက်အောက်ခံ စစ်မှုထမ်း ၁၀ ဦးကို ဖမ်းမိထားခဲ့ပါတယ်။

ယူကရိန်းစစ်တပ် ဖမ်းဆီးထားတဲ့ ရုရှားစစ်သား ၁၀ ဦးဟာ နယ်စပ်မျဉ်း တားမထားတဲ့နေရာတခုမှာ ကင်း လှည့်ရင်း ယူကရိန်းဘက်ကို မတော်တဆရောက်သွားတာဖြစ်တယ်လို့ ရုရှားဘက်က ပြောပါတယ်။

အနောက်နိုင်ငံ အစိုးရတွေကတော့ ရုရှားအစိုးရဟာ ယူကရိန်းခွဲထွက်ရေး သူပုန်ုတွေကို လက်နက် ခဲယမ်း
တွေ ထောက်ပံ့ပေးနေတယ်လို့ အခိုင်အမာ ယုံကြည်နေကြပါတယ်။

0 မှတ်ချက်များ for "ယူကရိန်းနယ်စပ်မှာ ရုရှားစစ်တပ် ၀င်ရောက် ကျူးကျာ် တိုက်ခိုက်နေတယ်လို့ ဆို"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++