အချက်အချာကြတဲ့ ယူကရိန်းနယ်စပ်မြို့ကို ရုရှားစစ်တပ်က သိမ်းပိုက်လိုက်ပြီ

ယူကရိန်းရဲ့နယ်စပ် Novoazovsk မြို့ကို ရုရှား စစ်တပ်က သိမ်းပိုက်ထိန်းချုပ်လိုက်တဲ့အတွက်  Donetsk ဒေသမှာ အခြေအနေတွေဟာ ဆိုးရွား လာနေတယ်လို့ ယူကရိန်းသမ္မတ Petro Poroshenko က ပြောပါတယ်။

အဲဒီမြို့အနီးအနားက ရွာတွေကိုလည်း ရုရှားတွေ ထိန်းချုပ်ထားကြောင်း ယူကရိန်းလုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီက twitterမှာ ရေးသား ထားပြီး OSCE နဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဆိုင်ရာ ယူကရိန်းသံအမတ် Ihor Prokopchuk ကလည်း ဒါဟာ ရုရှားအနေနဲ့ ဗြောင်ကျကျ ကျူးကျော် သိမ်းပိုက်လိုက်တာ ဖြစ်တယ်လို့ပြောပါတယ်။

NATO အရာရှိကလည်း ယူကရိန်းနိုင်ငံထဲ ရုရှားတပ်ဖွဲ့ဝင် တထောင်လောက်ရှိပြီး ယူကရိန်းခွဲထွက်ရေး သမားတွေကို အကူအညီတွေပေးနေသလို ကိုယ်တိုင်လည်း စစ်ကူတိုက်ပေးနေတယ်လို့  သတင်း
ထောက်တွေကို ပြောပါတယ်။

OSCE ဆိုင်ရာ ရုရှားသံအမတ် Andrey Kelin ကတော့ ယူကရိန်းဘက်ကို ရုရှားစစ်သားတွေ ကျူးကျော် ၀င်ရောက်တယ်ဆိုတာ မမှန်ဘူးလို့ ငြင်းဆိုနေပါတယ်။

ရုရားစစ်တပ်က ယူကရိန်းနိုင်ငံထဲ ကျူးကျော်ဝင်ရောက်နေတဲ့ကိစ္စနဲ့ ယူကရိန်းအခြေအနေတွေအတွက် အကောင်းဆုံး အဖြေရှာနိုင်ဖို့  ဥရောပလုံခြုံရေး OSCE အဖွဲ့က  ဗီယင်နာမှာ အရေးပေါ် အစည်းအဝေး တရပ် ခေါ်ယူလိုက်ပါတယ်။

သမ္မတ Petro Poroshenko က တူရကီနိုင်ငံ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပြီး အရေးပေါ် အစည်းအဝေးကို တက်ရောက်နေပါတယ်။

0 မှတ်ချက်များ for "အချက်အချာကြတဲ့ ယူကရိန်းနယ်စပ်မြို့ကို ရုရှားစစ်တပ်က သိမ်းပိုက်လိုက်ပြီ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++