အစ္စလာမ္မစ် စစ်သွေကြွတွေကို တိုက်ခိုက်ဖို့ ဗြိတိန်အစိုးရ တပ်လှန့်ထား

အီရတ်နှင့် ဆီးရီးယားနိုင်ငံမှာ အစွန်းရောက် အစ္စလာမ္မစ် စစ်သွေကြွ ISIS ရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေ ဆက်လက် ဖြစ်ပေါ်နေတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာ ထုတ်ပြန် ပြောကြား လိုက်ပါတယ်။

အစ္စလာမ္မစ် စစ်သွေးကြွ ISIS အဖွဲ့ထဲ နိုင်ငံခြား က ရောက်လာကြတဲ့ တိုက်ခိုက်ရေးသမား အရေ အတွက် တိုးများလာနေတယ်လို့ ကုလ သမဂ္ဂ ကော်မရှင်က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

အီရတ်နိုင်ငံအတွင်း နယ်မြေတွေ သိမ်းပိုက်လိုက်နိုင်ခဲ့တဲ့ အစ္စလာမ္မစ်စစ်သွေးကြွအဖွဲ့ဟာ တိုက်ခိုက်နိုင်စွမ်း ကို မြှင့်တင်ပေးလိုက်ပြီး အရပ်တွေနဲ့ တခြားအဖွဲ့တွေကို လိုက်လံ တိုက်ခိုက်နေတယ်လို့လည်း ဖော်ပြ ထားပါတယ်။

အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ ၂ ဖွဲ့ပူးပေါင်းပြီး ဗုဒ္ဓဟူးနေ့မှာ အစ္စရေးနယ်စပ် Golan ကုန်းမြင့်ကို ဆက်သွယ် ထားတဲ့ နယ်ခြားဒေသကို  သိမ်းပိုက်လိုက်ထားသလို ဖမ်းဆီးထားတဲ့ ဆီးရီးယားနိုင်ငံသား ၂၀ ကိုလည်း သတ်ပစ်လိုက်ပါတယ်။

အစ္စလာမ္မစ် စစ်သွေးကြွတွေဟာ တခြားအုပ်စုတွေထက် ဗြိတိန်လုံခြုံရေးကို ပိုမိုခြိမ်းခြောက်လာနေတယ်လို့ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ပြောကြားပြီး စစ်သွေးကြွတွေကို တိုက်ခိုက်ဖို့ ဗြိတိန်အစိုးရ တပ်လှန့်ထား လိုက်ပါတယ်။

အီရတ်နှင့် ဆီးရီးယားဒေသတွေကို သိမ်းပိုက်ပြီး လူတွေကို အကြမ်းဖက် ညှင်းပမ်း သတ်ဖြတ်နေတဲ့ အစ္စလာမ္မစ် စစ်သွေးကြွ ISIS ကို အမေရိကန်က လေကြောင်းကနေ ဆက်လက် တိုက်ခိုက်ပြီး ISIS စစ်သွေးကြွကို အမြစ်ပြတ် ချေမှုန်းနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက နိုင်ငံတကာကို တိုက်တွန်း လိုက်ပါတယ်။ 

0 မှတ်ချက်များ for "အစ္စလာမ္မစ် စစ်သွေကြွတွေကို တိုက်ခိုက်ဖို့ ဗြိတိန်အစိုးရ တပ်လှန့်ထား"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++