အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးရန် တိုက်တွန်းချက် ကန့်ကွက်တဲ့ NLD ကို FDA တုန့်ပြန်
ဦးအောင်မင်းဖိတ်ကြားချက်နဲ့ မြန်မာ့ငြိမ်းချမ်းရေး စင်တာ(MPC)မှာ ကျင်းပခဲ့တဲ့ နိုင်ငံရေးပါတီ ၆၆ ပါတီတွေ့ဆုံပွဲရဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး အမြန်လက်မှတ်ထိုးဖို့ တိုက်တွန်းတဲ့ MPC ရဲ့ ထုတ်ပြန်ကြေညာချက်ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းရင်းသားပါတီများနှင့် အခြားပါတီများ ပါဝင်ခြင်းမရှိကြောင်းနှင့် ယင်းကြေညာချက်ကို သဘောမတူကြောင်း NLD က သြဂုတ်လ ၁၃
ရက်
နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန် ပြောဆိုတဲ့အပေါ်
ကြေညာချက်ထွက်ပေါ်လာပုံနဲ့ပတ်သက်ပြီး နိုင်ငံရေး ပါတီ ၁၁ပါတီနဲ့စုဖွဲ့ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ် FDA က အခုလို ကြောညာချက်ထုတ် တုန့်ပြန် လိုက်ပါတယ်။
နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန် ပြောဆိုတဲ့အပေါ်
ကြေညာချက်ထွက်ပေါ်လာပုံနဲ့ပတ်သက်ပြီး နိုင်ငံရေး ပါတီ ၁၁ပါတီနဲ့စုဖွဲ့ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ် FDA က အခုလို ကြောညာချက်ထုတ် တုန့်ပြန် လိုက်ပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA)
ကြေညာချက်အမှတ်( ၈/၂၀၁၄)
ရက်စွဲ။ ၂၀၁၄ခုနှစ်၊သြဂုတ်လ(၁၄)ရက်
၁။ ကျွန်ုပ်တို့
ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA) ၁၁ ပါတီစုပေါင်းအဖွဲ့သည် ၁၁-၈-၂၀၁၄ ရက်နေ့
တွင် မြန်မာ့ငြိမ်းချမ်းရေးစင်တာ၌ ကျင်းပပြုလုပ်သော
ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့်
တရားဝင်မှတ်ပုံတင်ထားသောနိုင်ငံရေးပါတီများ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။
ထိုတွေ့ဆုံပွဲသို့
နိုင်ငံရေးပါတီစုစုပေါင်း (၆၆)ပါတီ တက်ရောက်ဆွေးနွေးခဲ့ပြီး
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး အမြန်ဆုံးလက်မှတ်ရေးထိုးရန်နှင့်
နိုင်ငံရေးဆွေးနွေးပွဲများ စောလျင်စွာ အကောင်အထည်ဖော် ရန်
တိုက်တွန်းကြောင်းအဆိုကို တက်ရောက်လာသော နိုင်ငံရေးပါတီများ၏
သဘောထားများကို ရယူ၍ အများသဘောတူကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။
၂။ ယင်းသို့
သဘောတူထုတ်ပြန်ရန်အတွက် ညီနောင်တိုင်းရင်းသားဖက်ဒရယ်ရေးရှင်း NBF အဖွဲ့ဝင်
ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP ဥက္ကဌဦးစိုင်းအိုက်ပေါင်းမှ
စတင်အဆိုပြုပါသည်။
ယင်းအဆိုကို NLDပါတီ၊ တစညပါတီ၊
NNDP ပါတီနှင့် အခြားသော ဒီမိုကရေစီနှင့် တိုင်းရင်းသားပါတီများ က
ယင်းအချိန်တွင် ကန့်ကွက်ဆွေးနွေးခြင်း မရှိခဲ့ပါ။
ညနေပိုင်းတွင်
ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးဇိုဇမ်မှ နိုင်ငံလုံးဆိုင်
ရာအပစ်အခတ်ရပ်စဲရေး နှင့် နိုင်ငံရေးဆွေးနွေးပွဲများ
အမြန်ဆုံးကျင်းပပြုလုပ်ရန် တိုက်တွန်းကြောင်းအဆိုမူကြမ်းကို
ဆွေးနွေးပွဲတွင် တစ်ပိုဒ်ခြင်း ဖတ်ပြ၍ ထိုအဆိုပြုချက်ကို သဘောတူပါသလားဟု
သုံးကြိမ်မေးမြန်းပါသည်။
ထို့နောက်
သဘောမတူသူများရှိပါသလားဟု သုံးကြိမ်မေးမြန်းခဲ့ပါသည်။ သဘောမတူသူများ
မရှိပါသဖြင့် ၁၁-၈-၂၀၁၄ ရက်နေ့ ညနေ ၅း၀၀နာရီခန့်တွင်
နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးအမြန်ဆုံး လက်မှတ်
ရေးထိုးရန် နှင့်
နိုင်ငံရေးဆွေးနွေးပွဲများ စတင်ရန် တရားဝင်ပါတီများက တိုက်တွန်းကြောင်း
ကြေညာချက် ကို မိမိတို့၏လွတ် လပ်သောသဘောဆန္ဒအရ ထုတ်ပြန်ကြေညာခဲ့ခြင်း
ဖြစ်ပါသည်။
၃။ အဆိုပါ
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးရရှိလာရေး ပြည်သူအများတောင့်တနေသည့်
ဆန္ဒကြီး ကို နိုင်ငံနှင့်ပြည်သူ့အပေါ် တာဝန်သိပါတီအသီးသီးက
ထိုကဲ့သို့ထုတ်ပြန်ကြေညာခဲ့ခြင်းကို မိမိတို့ ဖက်ဒရယ် ဒီမိုကရေစီမဟာမိတ်
(FDA)အဖွဲ့ဝင်ပါတီများက တည်ကြည်လေးနက်စွာ ထပ်မံထောက်ခံ အပ်ပါသည်။
မြန်မာပြည်သူများအတွက်
ပြည်တွင်းစစ်ချောက်နှုတ်ခမ်းမှလွတ်မြောက်ပြီး လက်တွေ့ကျသော အမျိုးသား
ညီညွတ်ရေး ပန်းတိုင်သို့ ရောက်ရှိစေရန်နှင့်
ငြိမ်းချမ်းရေးအမြန်ဆုံးရရှိစေရန် ဆန္ဒပြင်းပြနေသည့် ပြည်သူ များ၏သဘောထား
နှင့် ဖီလာဆန့်ကျင်နေသော အပြုအမှုနှင့်လုပ်ဆောင်မှုများကို မိမိတို့ ဖက်ဒရယ်
ဒီမိုကရေစီ မဟာမိတ် (FDA)အဖွဲ့ဝင်ပါတီများ အနေဖြင့် လက်မခံနိုင်ပါ။
၎။ ထို့ကြောင့်
နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးအမြန်ဆုံး လက်မှတ်ရေးထိုးရန် နှင့်
နိုင်ငံရေးဆွေးနွေး ပွဲများ စတင်ရန် နိုင်ငံရေးပါတီများက
တိုက်တွန်းကြောင်းကြေညာချက်ကို အမျိုးသားညီညွတ်ရေးအမြန် ဆုံး ဖြစ်ပေါ် စေလိုသေဆန္ဒမှန်ဖြင့် မိမိတို့ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA)အဖွဲ့ဝင်ပါတီ
များက ထောက်ခံ ပါကြောင်း ပြည်သူအများသိစေရန် ကြေညာချက် ထုတ်ပြန်အပ်ပါသည်။
`
ဖက်ဒရယ် ဒီမိုကရေစီမဟာမိတ်( FDA)
ရန်ကုန်မြို့

0 မှတ်ချက်များ for "အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးရန် တိုက်တွန်းချက် ကန့်ကွက်တဲ့ NLD ကို FDA တုန့်ပြန်"