တောင်ကိုးရီးယားနိုင်ငံကို ပုပ်ရဟန်းမင်းကြီး ကြွရောက်လည်ပတ်
ကက်သလစ်ဘာသာဝင် ၅ သန်းကျော်ရှိတဲ့ တောင် ကိုးရီးယားနိုင်ငံမှာ ကြွရောက်လည်ပတ်တဲ့ ပုပ်ရဟန်းမင်းကြီးကို တောင်ကိုးယားပြည်သူတွေ က ၀မ်းမြောက်ပျော်ရွင်စွာ နိုင်ငံတော် အခမ်းအနား နဲ့ကြိုးဆိုလိုက် ကြပါတယ်။
မြောက်ကိုးရီးယားကတော့ ပုပ်ရဟန်းမင်းကြီး ရဲ့လေယာဉ် ကိုးရီးယားကျွန်းဆွယ်အနီး
ရောက် လာချိန်မှာ ဒုံးကျည် ၃ စင်း အရှေ့ကမ်းရိုးတန်း ကို
ကျော်လွန်ပစ်လွှတ်ခဲ့ပြီး တောင်ကိုရီးယားစီစဉ်ထားတဲ့ စစ်ရေးလေ့ကျင့်မှုအစီအစဉ်ကို ကန့်ကွက်တဲ့ အနေနဲ့ ဖြစ်တယ်လို့ ဆိုပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ ၅ ရက်ကြာ တောင်ကိုးရီးယားခရီးစဉ်အတွင်း တောင်ကိုးရီးယာခေါင်းဆောင် တို့နဲ့ တွေ့ဆုံရာမှာ ကိုရီးယား ၂ နိုင်ငံကြား ပြန်လည်ရင်ကြားစေ့ရေး တွေ့ဆုံဆွေးနွေးကြဖို့ ပန်ကြား လိုက်ပါတယ်။
တရုတ်နဲ့ဗာတီကန်ကျောင်းတော်ကြား မပြေလည်မှုများ လျော့ပါးရေးအတွက် မျှော်လင့်ကြောင်း ဆိုးလ်မြို့ ကို မရောက်ခင်မှာ ပုပ်ရဟန်းမင်းကြီးဟာ ပြောကြားခဲ့ပါတယ်။


0 မှတ်ချက်များ for "တောင်ကိုးရီးယားနိုင်ငံကို ပုပ်ရဟန်းမင်းကြီး ကြွရောက်လည်ပတ်"