အမေရိကန်စစ်တပ် အဆင့်မြင့်အရာရှိ ဗီယာက်နမ်နိုင်ငံကို လာရောက်လည်ပတ်
တရုတ်နဲ့ ဗီယက်နမ် ဆက်ဆံရေးတင်းမာနေချိန်မှာ အမေရိကန်ကြည်းတပ်ပူးတွဲစစ်ဦးစီးချုပ်အဖွဲ့ ဥက္ကဌ Martin Dempsey က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ ကို ရောက်ရှိလာပါတယ်။
ဒါဟာ အမေရိကန်နှင့် ဗီယက်နမ်စစ်ပွဲ ပြီးဆုံးခဲ့တဲ့ ၁၉၇၁ ခုနှစ်ကတည်း ဗီယက်နမ်ကို ပထမဦးဆုံး ရောက်ရှိလာတဲ့ အမေရိကန်စစ်အရာရှိကြီးတဦး ဖြစ်ပါတယ်။
ဒီခရီးစဉ်ဟာ အလုပ်သက်တမ်းတစ်လျောက် မှတ်မှတ်ရရဖြစ်စေမယ့် ခရီးစဉ်ပါပဲလို့ ဗိုလ်ချုပ်ကြီး Dempsey က သတင်းထောက်တွေကို ပြောပါတယ်။
ဗိုလ်ချုပ်ကြီး Dempsey ဟာ ဗီယက်နမ် ထိပ်သီးခေါင်းဆောင်တွေနဲ့ ဒီကနေ့ဆွေးနွေးဖို့ရှိပြီး ဗီယက်နမ် ကာကွယ်ရေး ဝန်ကြီးကလည်း ပင်လယ်ပြင် လုံခြုံရေးအတွက် စစ်တပ်ချင်း ပူးပေါင်းဆောင်ရွက်မှု
တိုးမြင့်နိုင်မယ့်အခြေအနေတွေကို ရှာဖွေမယ်လို့ ပြောပါတယ်။
ဗီယက်နမ်နဲ့ စစ်ပွဲဖြစ်တုန်းက ဒန်နန်း (Danang)မှာ ရှိတဲ့ အမေရိကန်လေတပ်စခန်းဟောင်းကိုလည်း ဗိုလ်ချုပ်ကြီး Dempsey သွားရောက်လည်ပတ်ဖို့ ရှိပါတယ်။


0 မှတ်ချက်များ for " အမေရိကန်စစ်တပ် အဆင့်မြင့်အရာရှိ ဗီယာက်နမ်နိုင်ငံကို လာရောက်လည်ပတ်"