ပြင်သစ်အစိုးရက အစ္စလာမ္မာစ် စစ်သွေးကြွကို တိုက်ခိုက်နေတဲ့ Kurds တပ်ဖွဲ့တွေကို လိုအပ်တဲ့လက်နက်များ ပို့ပေးမယ်

အီရတ်နိုင်ငံ အနောက်ပိုင်းနဲ့ မြောက်ပိုင်းမှာ  အစွန်းရောက်အစ္စလာမ္မာစ် စစ်သွေးကြွတွေ ကို တော်လှန်တိုက်ခိုက်နေတဲ့ Kurds လူမျိုးစု တပ်ဖွဲ့တွေအတွက် လိုအပ်တဲ့ လက်နက်တွေကို  ကူညီပေးမယ်လို့ ပြင်သစ် အစိုးရ့ ပြောပါတယ်။

လူမျိုးစုတပ်ဖွဲ့တွေကို လက်နက်တွေကို လက်နက် ကူညီပေးရေးအတွက် အီရတ်အစိုးရနဲ့ ညှိနှိုင်းပြီး နာရီပိုင်းအတွင်း ပို့ဆောင်ပေးမယ်လို့ ပြင်သစ် သမ္မတ Francois Hollande ရဲ့ရုံးက ပြောပါတယ်။

စစ်သွေးကြွတွေကို တိုက်ထုတ်ဖို့ လက်နက်တွေကို တပ်ဆင်ပေးရန် ဒီအပတ်အစောပိုင်းမှာ Kurds လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင် Massoud Barzani က ဥရောပသမဂ္ဂနှင့် နိုင်ငံတကာတို့ကို အကူအညီ
တောင်းခံခဲ့ပါတယ်။

Kurds လက်နက်ကိုင်တပ်ဖွဲ့တွေကို လက်နက်ကူညီပေးရေးနှင့်ပတ်သက်ပြီး  နိုင်ငံတခုချင်း ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်နိုင်တယ်လို့ အဂါင်္နေ့မှာ ဥရောပသမဂ္ဂက ပြောပါတယ်။

အမေရိကန်ကတော့ တောင်တန်းတခုပေါ်မှာ ပိတ်မိနေတဲ့ အိုးအိမ်မဲ့ ဒုက္ခသည်တွေကို ကူညီနိုင်ဖို့ စစ်ဖက် အကြံပေး ၁၃၀ လောက်ကို အီရတ်နိုင်သို့ စေလွှတ်ထားပါတယ်။

0 မှတ်ချက်များ for "ပြင်သစ်အစိုးရက အစ္စလာမ္မာစ် စစ်သွေးကြွကို တိုက်ခိုက်နေတဲ့ Kurds တပ်ဖွဲ့တွေကို လိုအပ်တဲ့လက်နက်များ ပို့ပေးမယ်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++